ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် တတိယ အကြိမ် စာအုပ်စာစောင် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက မုဒိတာစကား ပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းရာ အရှေ့ပိုင်းဇုန်မြို့နယ် များရှိ စာကြည့်တိုက်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် စာကြည့်တိုက်၊ အနောက်ပိုင်းဇုန် မြို့နယ်များရှိ စာကြည့်တိုက်များ၊ တောင်ပိုင်းဇုန်မြို့နယ် များရှိ စာကြည့်တိုက်များ၊ မြောက်ပိုင်းဇုန်မြို့နယ်များရှိ စာကြည့်တိုက်များ၊ ရန်ကုန်တိုင်းဒေသကြီး အကျဉ်း ဦးစီးဌာန စာကြည့်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့စာကြည့်တိုက်တို့ကို စာအုပ် စာစောင်များ လှူဒါန်းခဲ့သည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်မူ မဟာဂီတ ကျမ်းစာအုပ်များအား အရှေ့ပိုင်းဇုန်၊ အနောက်ပိုင်းဇုန်၊တောင်ပိုင်းဇုန်၊ မြောက်ပိုင်း ဇုန်များရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့အတွက် ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွက် Dr. Abdul Kalam Foundation international Award 2023 ဆုရ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဒုတိယဉက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ အတွက် စာအုပ်အလှူရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလွှာများ အသီးသီးပေးအပ် ချီးမြှင့်ကြရာ စာကြည့်တိုက်မှူးများ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန် လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်များသို့ လှူဒါန်းမည့် စာအုပ်စာစောင်များ ခင်းကျင်းထားမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်/ ကျေးရွာများမှ စာကြည့်တိုက် ၁၂၈ တိုက်တို့အား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၁၄ ဖွဲ့တို့အားလည်း ကောင်း စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။