တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ညောင်ပင်ကွင်းကျေးရွာကို နှစ်သစ်ကူး ချိန်တွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရွာထဲကလူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများ တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် တနင်္သာရီ တိုင်းဒေသကြီး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တနင်္သာရီမြို့၊ ညောင်ပင်ကွင်း ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာ များတဆင့် ၎င်းတို့၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ကျဆင်းစေရန်၊ ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်တို့အတွက် သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။