စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ တောင်မော်ရွာကို တပ်မတော်ကလက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး နှလုံးရပ်သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာ ကျခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရ

Monday, January 1, 2024 - 15:15

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ တောင်မော်ရွာကို ဒီဇင်ဘာ ၃၀ ရက် နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်ကလက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်မှု ကြောင့် ပြည်သူ ၁ ဦး နှလုံးရပ်သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိ ကြောင်းသိရှိရပါသည်။

          PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျေးရွာများမှပြည်သူများကို ဦးတည် လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို အားပေးထောက်ခံမှုမရှိသည့် ပြည်သူများ၊ နယ်မြေ တည်ငြိမ်အေးချမ်းမှုကိုလိုလားပြီး အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများကို ခြိမ်းခြောက်သတ်ဖြတ်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာများ မှတဆင့် တပ်မတော်အပေါ် အပြစ်ပုံချကာ ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။