လောက်ကိုင်မှ အွန်လိုင်းတွင် ငွေလိမ်လည်သည့်အဖွဲ့ခေါင်းဆောင်များကို တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေးနေသည်ဟု မဟုတ်မမှန် သတင်းတုသတင်းမှားများ ဖြန့်ဝေ နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၃

Wednesday, January 3, 2024 - 15:45

          ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ အွန်လိုင်းတွင် ငွေလိမ်လည်သည့် အဖွဲ့ခေါင်းဆောင်များကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေး နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတုသတင်းမှားများ ဖြန့်ဝေရေးသား၍ ဝါဒဖြန့်လျက်ရှိသည်။

           နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းတွင်လိမ်လည်ခြင်း၊ လောင်းကစား ပြုလုပ်ခြင်းများအား တားဆီးကာကွယ်ရန် ဥပဒေများ ထုတ်ပြန်ထားရှိပြီးဖြစ် ကြောင်း၊ ထိုသို့ အွန်လိုင်းတွင် လိမ်လည်ခြင်း၊ လောင်းကစားပြုလုပ်ခြင်း လုပ်ကိုင် နေသူများကို စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက် ရှိပြီး ဖမ်းဆီးရမိထားသည့် ပြည်ပနိုင်ငံများမှ အွန်လိုင်းလိမ်လည်ခြင်းလုပ်ငန်း လုပ်ဆောင်သူများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်မှုများကိုလည်း အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိသည်။

 သို့သော် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့တို့အနေဖြင့် နိုင်ငံတော်မှ Online လိမ်လည်ခြင်း၊ လောင်းကစားခြင်း များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှုများအပေါ် မသိကျိုးကျွံပြု၍ ပြည်သူလူထုနှင့် နိုင်ငံတကာ စာမျက်နှာတွင် နိုင်ငံတော် နှင့်တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့ သတင်းတုသတင်းမှားများကို ဝါဒဖြန့် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။