စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို ဇန်နဝါရီ ၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေများမှ လုံခြုံရေးတာဝန်ရှိသူ များ၏ ပြောကြားချက်အရ ဇန်နဝါရီ ၂ ရက်နေ့တွင် မုံရွာမြို့နယ် ၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာတို့ရှိ အနီးဝန်းကျင်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်း၊ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း မရှိကြောင်း သိရှိရပါသည်။
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများမှ အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများကို အကြမ်းဖက်အားပေးမီဒီယာများမှ မဟုတ်မမှန် ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။