ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် တပ်မတော်မှ တိုက်ပွဲမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်များ၊ ဈေးဆိုင်ခန်းများ မီးလောင် ဆုံးရှုံး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Western News က လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့် ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မင်းပြားမြို့နယ်အတွင်း AA သောင်းကျန်းသူအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုအချို့ဖြစ်ပွား၍ သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပြီး မင်းပြားမြို့၊ ရမ်းဗြဲမြို့တို့အား တပ်မတော်မှ လက်နက်ကြီး၊ လေယာဉ်အသုံးပြု ပစ်ခတ် တိုက်ခိုက်ခြင်းများမရှိခဲ့ကြောင်းနှင့် တစ်ဖက်သက်စွပ်စွဲလုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်အစိုးရ၏ တည်ငြိမ်အေး ချမ်းရေးဆောင်ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စိုးရိမ် ထိတ်လန့်မှုများဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထိုးနှက် ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။