ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းတစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ရေးသား ဖြန့်ဝေလျက်ရှိသည်။
news
ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆိုပြုတင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” စာတွဲအား ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity)တွင် ပါဝင်နိုင်ရေး တရားဝင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ ယခုဆိုလျင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင် ပါဝင်နိုင်ခဲ့ပြီဖြစ်ပါသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့တွင် လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် ဒေသခံပြည်သူ ၄ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက် ရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၅
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒုစရိုက်မှုများ လျော့နည်းပပျောက်ရေးနှင့် အွန်လိုင်း လိမ်လည် မှုလုပ်ငန်းများတိုက်ဖျက်ရေးတို့အတွက် နယ်မြေအတွင်း သတင်းရယူ စုံစမ်းခြင်းနှင့် Online နည်းပညာများအသုံးပြု၍ ပြစ်မှုကျူးလွန်သူများအား ခြေရာခံအတည်ပြုကာ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ မထုကြီးကျေးရွာနှင့် မထုလေးကျေးရွာတို့ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက် မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ် ကြီး H.E. Mr. Uladzimir Baravikou အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


























































































































