news

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ယာယီနေရပ် စွန့်ခွာသူများနေထိုင်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း သို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ၊ အသက် ၃ နှစ်နှင့် အသက် ၅ နှစ် အရွယ်ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ ကြောင်း သိရှိရသည်။

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံ၊ မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံနှင့် ပုံပါကျင်မြို့ တိုက်နယ်ဆေးရုံတို့၌ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက  ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် ဆေးရုံဝန်း အတွင်း/အပြင်၌ သန့်ရှင်းရေး လုပ်င

          ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

        တပ်မတော်(လေ)က ၂၀၂၄ ခုနှစ်၊ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်း စခန်း ၁၇ ခုတွင် စုစုပေါင်းသင်တန်းသား ၈၅၀ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိသည်။

                 တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၁) ရေကြောင်းလူငယ်စခန်းတွင် လှေလှော် ရွက်တိုက်ဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်း လူငယ်စခန်းတွင် ရေတပ်အချက်ပြဆက်သွယ်ရေး ဘာသာရပ်ကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် စစ်ရေးပြဘာသာရပ်ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံ ရေတပ်သားဘာသာရပ်ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သား ဘာသာရပ်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် ရေကြောင်းလမ်းညွှန် ဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက မေလ ၂ ရက်နေ့တွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

          ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃)၊ ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် တက်ရောက်ခဲ့သည်။

          ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာရှိနေအိမ်များ မီးရှို့ခံရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။