တပ်မတော်တွင် ဆဌမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။
news
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွာသူများ နေထိုင်သည့် ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ
နေပြည်တော်၊ မေ - ၁၂
အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော်၊ မေ - ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်ပတ် လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့် နေရာတွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်၊ အခြေခံလေကြောင်း လူငယ်သင်တန်းနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းသွင်းလေ့ကျင့်ရန်နှင့် ပြိုင်ပွဲများ ကျင်းပရန် မိတ္တီလာမြို့သို့ ရောက်ရှိ
နေပြည်တော်၊ ၂၀၂၄ မေ ၁၂ ရက်
တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) စခန်းပေါင်းစုံမှ သင်တန်း သား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံ တွေ့ဆုံပွဲပြုလုပ်ကြသည်။
တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ် နှင့် စတုတ္ထအကြိမ်တို့ကို ၂၀၂၃ ခုနှစ်တွင် အသည်းအစားထိုး လူနာ ၉ ဦးဖြင့် လည်းကောင်း၊ ပဉ္စမအကြိမ်ကို ၂၀၂၄ ခုနှစ်တွင် အသည်းအစားထိုးလူနာ ၃ ဦးဖြင့် လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါ ဆဋ္ဌမ အကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမနေ့အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ် ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို မေလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ရဟတ်ယာဉ် ၂ စီး၊ ဂျက်ဖိုက်တာ ၁ စီး ဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး၊ ရေကြောင်းမှလည်း စစ်သင်္ဘောများဖြင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန် ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် ရွှေတောင်မြို့တို့၌ မေလ ၉ ရက် ညနေ ၅ နာရီခွဲ ခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ စုမှ လူနေအိမ် ၁၄ လုံး၊ ဘုန်းတော်ကြီး ၁ ကျောင်းတို့၌ အမိုးအကာလန်ခြင်းများ ဖြစ်ပွားခဲ့ပြီး ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂၃ စုမှ လူနေအိမ် ၄၁ လုံး ပြိုကျပျက်စီးကာ လူနေအိမ် ၂၁၀ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းတို့၌ အမိုးအကာလန် ပျက်စီး ခြင်းဖြစ်ပေါ်ခဲ့သည်။