ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ China Southwest Architectural Design and Research Institute Corporation(CSWADI) သို့သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ စက်တင်ဘာ - ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တွင် အလုပ်သဘော ခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် China Southwest Architectural Design and Research Institute Corporation(CSWADI) သို့သွားရောက် ကြည့်ရှုလေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် China Southwest Architectural Design and Research Institute Corporation(CSWADI) သို့ ရောက်ရှိကြရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် China Southwest Architectural Design and Research Institute Corporation(CSWADI) အတွင်းပြသထားသည့် ကော်ပိုရေးရှင်းမှ ဆောက် လုပ်ထားသော စွမ်းအင်ချွေတာနိုင်သည့် ဆောက်လုပ်ရေးစီမံကိန်းများ၊ အထပ်မြင့် အဆောက်အဦများ၊ တံတားများ၊ ဟိုတယ်များ၊ အားကစားရုံများ၊ ဆေးရုံများနှင့် နိုင်ငံ တကာ၌ အဆောက်အဦများ ဆောက်လုပ်နေမှုအခြေအနေများ၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဆောက်လုပ်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက် အဦများအား သုတေသနပြုလုပ် ဒီဇိုင်းအသစ်များရေးဆွဲ ဆောက်လုပ်မှုအခြေအနေ များ၊ ငလျင်ဒဏ်ကိုကြိုတင်ကာကွယ်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက် မှုအခြေအနေများ၊ မြန်မာနိုင်ငံတွင်လာရောက်၍ အဆောက်အဦများဆောက်လုပ် လျက် ရှိမှုအခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြသရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက China Southwest Architectural Design and Research Institute Corporation(CSWADI) ၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ကော်ပိုရေးရှင်းမှ တာဝန် ရှိသူနှင့် လက်ဆောင်ပစ္စည်းများအပြန်အလှန်လဲလှယ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။