news

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌  လက်ခံတွေ့ဆုံသည်။

          မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်မှ အူမကြီးကင်ဆာ ရောဂါဖြင့်ကွယ်လွန်သည်မှာ ၆ လခန့်ရှိပြီဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီး မှာ စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါရှိသည့်အတွက် ၎င်းအစား အိမ်ရှိလူငယ် တစ်ဦးကို အစားထိုးထည့်သွင်းပေးရန် တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ မေလ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

          တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူ များနှင့် တာဝန်ရှိသူများလိုက်ပါ၍ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာန ချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူး နှင့်တာဝန်ရှိသူများက ကြိုဆို၍ သီရိမဟာဇေယျ ကျော်ထင်ခန်းမတွင် တပ်မတော်(ရေ) Documentary အားပြသခဲ့ပြီး၊ ရေကြောင်း ပြခန်းနှင့် ဥတ္တရဆောင်ရှိ စာသင် ခန်းတို့အားလေ့လာခြင်း၊ Torpedo Trainer နှင့် ရေတပ်အမြောက်များ လေ့လာ ခြင်း၊ Welding Simulator ၊ Electrical Trainer နှင့် Cutaway Model များအား လေ့လာခြင်း၊ Damage Control Simulator-Zarmani အားလေ့လာခြင်း၊ Ship Handling Simulator နှင့် Engine Room Simulator များအား လေ့လာခြင်းနှင့် သမိုင်းဝင်စစ်ရေယာဉ်(မေယု)တို့အား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) ကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ကုတင်-၅၀၀)၌ ဆေးရုံ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

          ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွား သည့်တိုက်ပွဲများတွင် တပ်မတော်မှ ဓာတုအဆိပ်သင့်ဗုံးများဖြင့် မေလ ၈ ရက်နေ့က ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ မူးမော်ခြင်း နှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူများအား  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး အမှာ စကားပြောကြားသည်။ 

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာ ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး (၁၁၂)ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။