ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ်၊   ၃၅  /၂၀၂၅ ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်   ၃  ရက် (၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  ၉  ရက်) ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

Tuesday, September 9, 2025 - 16:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး

အမိန့်အမှတ်၊   ၃၅  /၂၀၂၅

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်   ၃  ရက်

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  ၉  ရက်)

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

          အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ အောက်ပါ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများနှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁)     ဦးခင်မောင်ကြီး                        

(၂)    ဦးမျိုးမောင်

(၃)    ဦးကြည်သိန်း

(၄)    ဒေါ်ခင်သင်းဝေ                        

 

အမိန့်အရ

 

အောင်လင်းဒွေး

အမှုဆောင်ချုပ်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး