ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉၅ / ၂၀၂၅ ) ( ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၉ ရက်) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား

Tuesday, September 9, 2025 - 16:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (  ၉၅  / ၂၀၂၅ )

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်   ၃   ရက်

( ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ   ၉   ရက် )

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) နှင့် ( ဇ ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ် အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး ကော်မရှင်သို့နောက်ဆုံးတင်ပြရမည့်ရက်ကို   ၇ - ၉ - ၂၀၂၅ ရက်နေ့သတ်မှတ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်           ( ၅၆/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။            နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂  ပုဒ်မခွဲ (က)  ပုဒ်မခွဲငယ် ( ၉ ) နှင့်      ( ၁၀ ) အရ သတ်မှတ်ရက်ဖြစ်သည့် ၇ - ၉ - ၂၀၂၅  ရက်နေ့အထိ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [ National Democratic Force Party (NDF) ] နှင့်  ပုဒ်မ  ၅  ပုဒ်မခွဲ ( ဇ ) ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [ Democratic Party of National Politics (DNP) ]၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၄ ပါတီကို  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ  ၁၂ ပုဒ်မခွဲ ( ခ ) အရ                   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်သည်။

 

 

        ( ပုံ ) သန်းစိုး             

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်