နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈)တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်း ကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
news
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အင်တိုင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲမဖြစ်ဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁)ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မြ၀တီခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ် တိုးဝင်းနှင့်ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်း တွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်ဖွင့်လှစ်ပေးသည်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စု ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၂၃
တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား သည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က လယ်ဝေးမြို့၊ ပျံချီကျေးရွာရှိ သီရိပျံချီကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈/၂၀၂၄)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်း ရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်း ကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ကြိုဆို ခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ် ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်း လမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်း များ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌ လည်း ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြသည်။
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပ သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယ ညစာ စားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့ နယ်ရှိ St. Mary’s Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက် ရောက်ချီးမြှင့်သည်။




















































