နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု များဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်း ခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)မှသင်တန်းဆင်း နိုင်ငံ့သား ကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေ ကြပြီဖြစ်သည်။
ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ် သည့် အလေ့အကျင့်များ(TeamWork)ရရှိခဲ့ပြီး နိုင်ငံချစ်စိတ်(Nationalism)၊ မျိုးချစ်စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဘက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့ မည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရ ပါတယ် ----
အရပ်သားဘဝမှာတုန်းကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုတဲ့ပုံစံမျိုးပဲရှိခဲ့ ပြီးတော့ တပ်မတော်သားဘဝကိုရောက်လာတဲ့အချိန်မှာ မနက်အိပ်ယာထတာ ကအစ ညဘက်အိပ်ယာပြန်ဝင်သွားတဲ့အချိန်အထိ အကုန်လုံးက အချိန်ဇယား အတိုင်း၊ စည်းကမ်းအတိုင်းပဲသွားနေတော့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတော် တော်ကောင်း မွန်လာတယ်လို့ခံစားမိပါတယ်။ တပ်မတော်ဆိုတာကတော့ တကယ်စည်းကမ်း သေသေသပ်သပ်ရှိပြီးတော့ အကုန်လုံးကိုစည်းကမ်းရှိရှိနဲ့ နေထိုင်သွားတတ်ဖို့ ဘဝမှာ ဘယ်လိုအေးအေးဆေးဆေးနဲ့ ဘယ်လိုဖြတ်သန်းပြီး နေရမလဲဆိုတဲ့ ပညာတွေ အကုန်လုံးသင်ပေးတဲ့ နေရာကြီးတစ်ခုဆိုတာမှာချင်ပါ တယ်။တပ်မတော်အပေါ်မှာ သစ္စာရှိရှိနဲ့တာဝန်ထမ်းဆောင်သွားမှာပါ။ ကျွန်တော့် အနေနဲ့ နောင်ဝင်လာမယ့် ညီအစ်ကိုတွေကိုကြိုဆိုလျက်ပါ။ ဒီမှာက စည်းကမ်း ကောင်းမွန်အောင်လို့ သေသေ ချာချာလေ့ကျင့်ပေးတယ်။ အတတ် ပညာတွေကို အကုန်အစုံအလင်သင်ကြား ပေးတယ် ဆိုတာကိုလည်းပြော ချင်ပါတယ်။
ဒီသင်တန်းကို ကျွန်တော်တက်ရောက်ရတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံ တော်မှာ ကျရောက်နေတဲ့အဖျက်အမှောင့်ရန်တွေကို တစ်ဘက်တစ်လမ်းကနေ ကာကွယ်ဖို့ရယ်၊ နိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူချင်လို့ ဒီပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)ကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို ပြဌာန်း လိုက်တဲ့အတွက် နိုင်ငံတော်ကို ကာကွယ်ရမယ့် အသိစိတ်ဓာတ်တွေကို သိရှိနားလည်လာတယ်။ နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်တွေကိုဖြစ်ပေါ်လာတယ်။ နိုင်ငံတော်ကာကွယ်ရေး အင်အား လည်း တိုးပွားလာစေတယ်။ စတဲ့အကျိုး ကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ သင်တန်းမှာ တွေ့ကြုံခဲ့ရတာတွေကတော့ အစပိုင်းမှာ အရမ်းကိုပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆရာတွေရဲ့ သွန်သင်ဆုံးမမှု့ အားပေးစောင့်ရှောက်မှုတွေကြောင့် တဖြည်း ဖြည်းလေ့ကျင့်သား ပြည့်ဝလာပြီးတော့ သင်တန်းကို အခက်အခဲတွေ ကြားထဲကနေ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ သင်တန်းဆင်း သွားပြီဆိုတော့ တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့တွေမှာ သင်တန်းကျောင်းကသင် ကြားပေးလိုက်တဲ့ ပညာရပ်တွေကို လက်တွေ့အသုံးချပြီးတော့ ပေးအပ်လာမယ့် တာဝန်တွေကို အမြဲတန်း စစ်သည်နောင်များနဲ့အတူ ကျေပွန်စွာထမ်းဆောင်မယ် လို့ခံယူထား ပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့အသက် အိုးအိမ် စည်းစိမ်တွေ ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံသားကောင်း တစ်ယောက် အနေနဲ့ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို မဖြစ်မနေတက်ရောက်ပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ဒီအတွေ့အကြုံကို အခြေခံပြီးတော့ ကိုယ့်ကို သင်ပေးထားတဲ့ ပညာရပ်တွေနဲ့ တတ်စွမ်းသလောက်ကာကွယ်စောင့်ရှောက်သွား မှာပါ။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁၄)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။