news

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့် လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများ နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။

          မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာကို မတ်လ ၁၈ ရက် နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းပစ်ခတ်ဝင်ရောက်ပြီး နာရေးကူညီ မှု ပရဟိတအသင်းရုံးနဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသား ထားသည့်  သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။

၁။      ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှ စတင်၍ ၁၉-၃-၂၀၂၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်သောင်း ကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အခွင့်အရေး ဆုံးရှုံးခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှု နှင့် မွန်ရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် မတ် ၁၈

၂၀၂၄ခုနှစ် မတ် ၁၉ ရက်တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများသည် ယနေ့ညနေပိုင်း တွင် တပ်မတော်လေယာဉ်ဖြင့် မော်လမြိုင် လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာအဖွဲ့များက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

          ယနေ့ ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်း မှ ကလိ ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၆၈၆)အစုန် ကျောက်ရထားသည် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာမှ နံနက် ၆ နာရီ ၅၅ မိနစ်တွင်ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁-၁၂၂/၂ အကြား ရထားဖြတ်သန်းစဉ် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ထောင်ထားသည့် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲသော မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော မိုင်းကာတွဲအပါအဝင် စက်ခေါင်းနှင့်အတူ စက်ခေါင်း နောက်ကပ် လျက်ရှိသည့် အများပြည်သူသုံးကျောက်များ၊ အိမ်ထောင်ပြောင်းပစ္စည်းများ၊ ပါဆယ်ပစ္စည်းများ ပါဝင်သည့် တွဲ(၆)တွဲတို့လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/အဆင့်မြှင့်သင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများတက်ရောက်ကြသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ခရိုင်ဆည်မြောင်းရုံးနှင့် ခရိုင်သစ်တောရုံးတို့ မတ်လ ၁၇ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါမီးလောင်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက် ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ အထင် အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

             အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။