ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး( Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ပါဝင်တက်ရောက်ခဲ့မှုနှင့် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေမှုနှင့်ပတ်သက်၍ ခရီးစဉ်တွင်လိုက်ပါလာသည့် သတင်းမီဒီယာများ၏သိရှိလိုသည့် မေးမြန်းမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်
ပထမဦးဆုံးက ပထမပိုင်းဒီခရီးစဉ်မှာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌလာတဲ့ခရီးစဉ်မှာ ကျွန်တော်တို့က အပိုင်း သုံးပိုင်းပါပါတယ်။ နံပါတ်တစ်အပိုင်းက တီယန်ကျင်းမြို့အပိုင်း၊ နံပါတ်နှစ်အပိုင်းက ပေကျင်း မြို့အပိုင်း၊ နံပါတ်သုံးအပိုင်းက ဟာပင်းနဲ့ချန်ဒူးမြို့အပိုင်းဆိုပြီး သုံးပိုင်းပါပါတယ်။ နံပါတ်တစ် အပိုင်းက SCO အစည်းအဝေး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအသင်းကြီးရဲ့ ထိပ်သီးအစည်း အဝေး SCO SUMMIT 2025 Plus အစည်းအဝေးတက်ရောက်တဲ့အပိုင်းဖြစ်ပါတယ်။ ဒုတိယ အပိုင်းက ပေကျင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ နှစ်(၈၀)ပြည့် ဖက်ဆစ်တော်လှန်ရေး အထိမ်းအမှတ်ကို လာရောက်တဲ့အပိုင်းဖြစ်ပါတယ်။ နံပါတ်သုံးအပိုင်းက ဟာပင်းနဲ့ ချန်ဒူးမြို့ကို လေ့လာရေးခရီး စဉ် သွားရောက်တဲ့အပိုင်းဖြစ်ပါတယ်။ အခုကတော့ ခရီးစဉ်ပထမပိုင်းဖြစ်တဲ့ တီယန်ကျင်းမြို့မှာ SCO အစည်းအဝေးနဲ့ ထိပ်သီးအစည်းအဝေးတွေ ပြီးဆုံးတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပေကျင်းမြို့ကိုထွက်ခွာနေတာဖြစ်ပါတယ်။ ပေကျင်းမြို့ကို သွားတဲ့အခါမှာ အမြန်ရထားနဲ့သွား တာဖြစ်တယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ ခရီးစဉ်မှာလိုက်ပါလာတဲ့ လူတွေအကုန်လုံးက ဒီအမြန်ရထားနဲ့ထွက်ခွာတာဖြစ်တယ်။ ပထမဆုံး တီယန်ကျင်းမြို့အကြောင်း ကိုပြောချင်တယ်။ တီယန်ကျင်းမြို့ဆိုတာက တရုတ်နိုင်ငံမြို့တော်ဖြစ်တဲ့ ပေကျင်းနဲ့ကပ်လျက်မြို့ဖြစ်တယ်။ တီယန် ကျင်းမြို့က သမိုင်းရှိတဲ့မြို့ဖြစ်တယ်။ ပထမ ဘိန်းစစ်ပွဲတို့ဘာတို့က တီယန်ကျင်းမှာဖြစ်ထားတာ။ တရုတ်နိုင်ငံပထမဘိန်းစစ်ပွဲပေါ့။ ပေကျင်းနဲ့ကပ်လျက် အနီးဆုံးသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် တယ်။ တရုတ်နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာ အရေးကြီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ထဲမှာ ပါဝင်တယ် ပေါ့နော်။ တီယန်ကျင်းမြို့မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုညီလာခံရဲ့ ရှန်ဟိုင်းပူးပေါင်းဆောင် ရွက်မှုအသင်းကြီးရဲ့ ထိပ်သီးအစည်းအဝေးပွဲလုပ်တာဟာ ကျွန်တော်ကတော့ အဓိပ္ပါယ်ပြည့်ဝ တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ဒီ SCO အစည်းအဝေးမှာ နိုင်ငံပေါင်း ၂၀ ကျော်ပေါ့နော် ၂၆ နိုင်ငံလုပ်တဲ့အထဲမှာ ၂၀ ကျော်တက်ရောက်တယ်။ မနေ့ကတော့ ဒီထိပ်သီးအစည်းအဝေးနဲ့ အပေါင်း အစည်းအဝေးပွဲတွေ ပြီးသွားတယ်။ အဲ့ဒီမှာတော့ ထူးထူးခြားခြားပြောစရာရှိတာတော့ ထိပ်သီးအစည်းအဝေးမှာတော့ တရုတ်သမ္မတကြီး H.E.Mr.Xi Jinping က GGI နဲ့ပတ်သက်ပြီး အချက် ၅ ချက်၊ Global Governance Initiative ပေါ့၊ ဒီအချက် (၅)ချက်ကိုတင်သွင်းခဲ့တာရှိ တယ်။ နိုင်ငံအများစုလည်း ထောက်ခံတယ်။ အဓိကအနှစ်ချုပ်ပြောရမယ်ဆိုရင် ဒီနေ့ကမ္ဘာမှာ ဖြစ်နေတာက Unipolar War ကနေ Multipolar War ပေါ့နော်။ အရင်တုန်းကတော့ အင်အားကြီးနိုင်ငံ တစ်ခုတည်းကနေပြီးတော့ ကမ္ဘာ့ရေးရာတွေကို ထိန်းချုပ်တာကနေပြီး နိုင်ငံ အများစုပါဝင် ထိန်းချုပ်ဖို့၊ နိုင်ငံအများစု ပါဝင်ပြီးတော့ ကမ္ဘာ့ရေးရာမှာ လှုပ်ရှားဖို့၊ ဒီဟာတွေကို သွားတာပါ။ တရားမျှတမှုတို့၊ ပြီးရင် အဲ့ဒီအစည်းအဝေးမှာ အဓိက အများဆုံးပြောတာကတော့ နိုင်ငံငယ်တွေရဲ့ပေါ့နော်၊ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားကြဖို့ဆိုတာကို အဓိက ပြောတာဖြစ်တယ်။ နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကိုလေးစားကြဖို့ဆိုတာ အဓိကကကျွန်တော် တို့ နိုင်ငံငယ်တွေအတွက် ဘာအားသာလဲဆိုတော့ ဒီအချိန်မှာ နိုင်ငံကြီးတွေအနေနဲ့၊ အင်အားကြီး နိုင်ငံတွေအနေနဲ့က သူတို့ရဲ့အမျိုးသားရေးအကျိုးစီးပွားအတွက် သူတို့တည်ထောင်နေတာ ရှိတယ်။ ဒီလိုပဲ နိုင်ငံငယ်တွေမှာလည်း သူတို့ရဲ့ အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲဖို့ သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးလုပ်နိုင်ဖို့ဆိုတာ ဒီလိုအဖွဲ့အစည်းတွေကနေတစ်ဆင့် လုပ်နိုင် မှ ခိုင်မာမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း SCO မှာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် တရားဝင်အဆိုပြုထားတာလည်းရှိတယ်။ အောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ ဒီအစည်းအဝေးပွဲမှာ တရုတ်သမ္မတကြီး H.E. Mr.Xi Jinping နဲ့ ဆွေးနွေးနိုင်ခဲ့တယ်။ ဆွေးနွေးပွဲမှာ အနှစ်ချုပ် ပြောရရင် မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ်ရှိလဲဆိုတော့ နံပါတ်တစ် အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံရေးအရအသိ အမှတ်ပြုမှု၊ နံပါတ်နှစ်ကတော့ နိုင်ငံတကာရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်သုံးအချက်ကတော့ မြန်မာနိုင်ငံမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ ပြီးရင် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကူညီနိုင်ဖို့ ဒါတွေကိုအတည်ပြုပေးလိုက် တာရှိတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ် သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ပြီးကူညီသွားမယ်ဆိုတဲ့ အာမခံချက်တွေရရှိခဲ့တာဖြစ် တယ်။ တရုတ်သမ္မတကြီးနဲ့တွေ့တဲ့အချိန်မှာ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာတွေကို ဆက်လက်ရပ်တည်ကူညီပေးသွားမယ်ဆိုတာကိုလည်း ရရှိခဲ့ပါတယ်။ နောက် တစ်ခုက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ် မစ္စတာ မိုဒီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက် ပြီး အိန္ဒိယနိုင်ငံအနေနဲ့က အမြဲတမ်းရပ်တည်ပေးလျက်ရှိမှုတွေ၊ နိုင်ငံရေးအရ အာမခံချက်ရှိမှုတွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်တာတွေ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် လာအိုနိုင်ငံသမ္မတကြီးနဲ့လည်း သီးခြားဆွေးနွေးနိုင်ခဲ့တယ်။ လာအိုနဲ့ ကျွန်တော်တို့ လုပ်နေတဲ့လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်ကဏ္ဍ၊ အလုပ်သမား ကဏ္ဍ၊ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် SCO အစည်းအဝေး တက်တဲ့ အခါမှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့အပါအဝင် တခြားခေါင်းဆောင်တွေနဲ့လည်း အစည်းအဝေး ခန်းမမှာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အောင်မြင်တဲ့တွေ့ဆုံမှုပေါ့နော်။ ဒီတစ်နေရာတည်းမှာပဲ ဒေသခေါင်းဆောင်တွေ၊ အိမ်နီးနားချင်းခေါင်း ဆောင်တွေနဲ့တွေ့ရတာ တကယ်လည်း အောင်မြင်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ လည်း ဒီခရီးစဉ်က အကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးစဉ်တစ်ခုဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောကြားလိုပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ ပေကျင်းကိုရောက်မယ်။ ပေကျင်းကိုရောက် ရင်တော့ တရုတ်နိုင်ငံရဲ့ ဒုတိယသမ္မတကြီးနဲ့တွေ့မယ်။ မနက်ဖြန်မှာဆိုရင် ပေကျင်းမှာလုပ်တဲ့ နှစ်(၈၀)ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အောင်ပွဲအထိမ်းအမှတ် အခမ်းအနားကို တက်ရောက်မှာ ဖြစ်တယ်။ နောက်နေ့တွေမှာ ဟာပင်းနဲ့ ချန်ဒူးကိုသွားပြီး ကျွန်တော်တို့ မြန်မာနိုင်ငံသက်ဆိုင်တဲ့၊ ကဏ္ဍပေါင်းစုံနဲ့သက်ဆိုင်တဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ နေရာတွေ၊ ဌာန တွေကိုလေ့လာသွားမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်အနှစ်ချုပ်ပြီးပြောရရင် အောင်မြင်တဲ့ခရီးစဉ် တစ်ခုဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း အောင်မြင်မယ်လို့ယုံကြည်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေကို တိုက်တွန်းချင်တာ ကတော့ ကျွန်တော်တို့မှာ ဒီလိုမျိုးအခြေအနေကောင်းတွေရှိနေပါပြီ။ နိုင်ငံတကာမှာလည်း မြန်မာ့ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်လာတဲ့၊ မြင့်မားလာနိုင်တဲ့ဟာတွေရှိနေပါပြီ။ ကျွန်တော်တို့လိုတာက ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး တည်ငြိမ်အေး ချမ်းရေးကိုလိုလားဖို့၊ စည်းလုံးညီညွတ်မှုကိုလိုလားဖို့၊ တည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံးညီညွတ် မှုကို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာဆိုတဲ့စိတ်ဓာတ်၊ ပြည်ထောင်စု ဆိုတဲ့စိတ်ဓာတ်နဲ့ ပဲ ဆောင်ရွက်သွားဖို့ ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး( Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)
Tuesday, September 2, 2025 - 17:00