news

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ဦးတို့ သေဆုံးပြီး အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းမဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

          မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ၌ တရားမဝင်ရွှေတူးဖော် လုပ်ကိုင်မှုများကြောင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေဆုံးရှုံးရခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးခြင်းများဖြစ်ပေါ်စေကာ ၎င်းဒေသအနီး ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ရေကြီး ရေလျှံခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များအား ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ   H. E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

    ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

၂၀၂၄ ခုနှစ်၊     အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၂ (MICC-II) ၌  ကျင်းပရာ မသန်စွမ်းသူများ၏    အခွင့်အရေးများဆိုင်ရာ    အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက်အမှာစကား ပြောကြားသည်။

          (၇၅)ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိသည့် စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများသည် ဒီဇင်ဘာလ(၂)ရက် ဒီကနေ့ မနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် များအနက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောကျေးရွာမှ စျေးသည် အမျိုးသမီး ၂ ဦး နှင့်ပလိုင်းကျေးရွာမှစျေးသည် အမျိုးသမီး ၁ ဦးတို့မှ နိုဝင်ဘာလ ၂၉ရက်တွင် ရွှေဘိုမြို့ပေါ်၌ စျေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့် လာရောက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်လိုင်စင်မရှိ၍ ဈေးဝယ်ရန် ပါလာသည့် ငွေကျပ် သိန်း ၃၀ နှင့် ဆိုင်ကယ်များအား သိမ်းဆည်းသွားကြောင်း၊ ရွှေဘိုမြို့ပေါ်တွင် ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေကျပ် ၃ သိန်းမှ သိန်း ၂၀ အထိ ပေး၍ ပြန်လည်ရွေးယူရကြောင်း  မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေကြောင်းတွေ့ရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၈ / ၂၀၂၄ ) ၁၃၈၆ ခုနှစ် ၊ နတ်တော်လဆန်း  ၂  ရက် ( ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ  ၂  ရက် ) ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [ Unity and Development Party (UADP) ] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း