နေပြည်တော်၊ ၂၀၂၅ မတ် ၁၂
အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိ မဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံယာတော် အပါး(၁၀၀၀) အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်၌ ကျင်းပသည်။






























































