ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၅ ဩဂုတ် ၁၆ ရက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ပုဆိုးနှင့် ရှပ်အင်္ကျီများအား ပေးအပ်ပြီး ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။