နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့ဝင် ၁၀၄ ဦး  လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဩဂုတ် - ၁၂

Tuesday, August 12, 2025 - 17:30

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀၄ ဦး သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ထပ်မံဝင်ရောက်လာ ကြသည်။

            အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံ အဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓ္ဓမစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ NH PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ KIA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ ကျောက်ဆည် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မိုးကုတ် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ ပင်းတယမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ နမ့်ဆန်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် မိုးမိတ် မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ နယ်အတွင်းမှ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက် ကြသည်။

          ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး နှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 အမျိုးအစား သေနတ်  ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၃၀ တောင့်၊ Type-82 အမျိုး အစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၁၀ တောင့်၊ MA-3 ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ် ဗုံးမျိုးစုံ ၁၂ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး တာဝန်ရှိသူများက သေနတ်တစ်လက်လျှင် ဆုကြေးငွေ ကျပ် သိန်း ၅၀ နှုန်းဖြင့် သေနတ် ၃ လက်အတွက်  ငွေကျပ် ၁၅၀ သိန်းနှင့် လက်ပစ်ဗုံးတစ်လုံးလျှင် ဆုကြေး ငွေကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံး ၁၂ လုံးအတွက်  ငွေကျပ် ၃၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၈၆ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။

ယင်းနောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာ ကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း အခုကဲ့သို့ ကြားသိရပါသည်-

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် အမျိုးသမီး

          သမီးကခရီးသွားရင်းနဲ့ပေါ့နော် သမီးဦးလေးကစစ်သားဆိုတော့မှ သမီး ကိုဖမ်းတာပေါ့။ ဖမ်းပြီးတော့မှ နင့်ဦးလေးက စစ်သား နင် PDF ထဲဝင်မှာ လား ။ မဝင်ရင်နင့်မီသားစုကို တစ်ခုခုလုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာပေါ့။ ခြိမ်းခြောက်ပြီးတဲ့အခါကြတော့ မိသားစုကိုတော့ မလုပ်ပါနဲ့ပေါ့နော်။ သမီးပဲ အဲ ဒီအထဲဝင်မယ်ဆိုပြီးတော့မှ အနစ်နာခံပြီးတော့ အဲဒီအထဲဝင်သွားခဲ့တယ် ။ ဝင်ပြီးတော့ အဲဒီမှာ သင်တန်းတွေအတင်းတက်ခိုင်းတယ်။ တက်ခိုင်းပြီးတော့မှ သင်တန်းမှာပေါ့နော်။ သင်တန်းမှာ သင်တန်းဆင်းရင်းနဲ့ မူးလဲတာတောင်မှပေါ့ ဘာမှမလုပ်ပေးဘူးပေါ့။ မထူးနဲ့ဘာညာအဲဒီလိုမျိုးပြောတယ်။ ပြီးတော့ ထမင်း စားရတာကြတော့လည်း အဲမှာအဆင်မပြေဘူးပေါ့နော်။ တစ်နေ့ကိုမှ ( နှစ် နှပ်ပဲ ကျွေးတယ်)။ ပြီးတော့ ထမင်းကလည်း အချိန်နဲ့ စားရတာဆိုတော့ စားရတာ အဆင်မပြေဘူး။ ပြီးတော့ တစ်ခါတစ်ကြရင် ထမင်းသိုးတွေဘာတွေ စားရတာ ပေါ့နော်။ သင်တန်းဆင်းပြီးတဲ့ အခါကြတော့လည်း အဲဒီမှာနေပြီးတော့မှ ထမင်း တွေဘာတွေ ချက်ခိုင်းတယ်။ အဲလိုမျိုးပေါ့နော် ။ အလုပ်တွေဘာတွေ လုပ်ခိုင်း တယ်။ ပြီးတော့တစ်ခြားနယ်တွေမှာပေါ့ သူတို့ရန်ပုံငွေရဖို့အတွက် မဲတွေဘာ တွေလိုက်ရောင်းခိုင်းတယ်။ တစ်နေကုန်လိုက်ရောင်းပြီး ပြန်လာတယ်။ ပြီးလို့ရှိ ရင် အဲဒီမဲကိုသူတို့ကဖောက်ပေးလားဆို မဲလည်းမဖောက်ပေးဘူး။ အဲဒီရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်တယ်ပေါ့နော်။ အဲဒီလုပ်ရပ်တွေကိုလည်း သမီး တို့က မကြိုက်ဘူးပေါ့။ အဲတာပြီးတော့အခါကြတော့ အဲလိုမျိုး အဲဒီမှာပေါ့နော် ကင်းတွေဘာတွေလည်း စောင့်ရတယ်။ ကင်းတွေဘာတွေစောင့်လို့ရှိရင်လည်း အရမ်းအေးတယ်။ အရမ်းအေးလို့ရှိရင် သူတို့ကစောင်တွေဆိုလည်း လုံလုံ လောက်လောက်မပေးဘူးပေါ့နော်။ သမီးတို့အဝတ်အစားတွေ၊ အနွေး ထည်တွေ မရှိဘူး။ အဲဒီလိုမျိုးထားတယ်။ ပြီးလို့ရှိရင် ထမင်းစားရင်လည်း အဲဒီလိုမျိုး ပေါ့နော်။ ဟင်းကမကောင်းဘူး။ အဲလိုမျိုးထားတယ်။ ပြီးတော့ အဲဒီလို ပဲဟင်းပေါ့ အဲလိုမျိုးတွေနဲ့ စားရတယ်။ အဲလိုသူတို့ရဲ့ လုပ်ရပ်တွေပေါ့။ သူတို့ရဲ့ အခုပိုက်ဆံအလွဲသုံးစားလုပ်နေမှုတွေ ၊ တခြားလုပ်ရပ်တွေပေါ့နော်။ သူများဟာ တွေကို အနိုင်ကျင့်နေမှုတွေ၊ သူများပိုက်ဆံတွေကို လိမ်ပြီးတော့မှ ပြည်သူ့ အတွက် လုပ်နေပါတယ်ဆိုပြီးတော့မှ အဲလိုမျိုးတွေ ပြောနေတာပေါ့။ အဲဒီလိုမျိုး တွေကိုလည်း သမီးတို့မကြိုက်တဲ့အတွက် အဲထဲကနေထွက်ပြေးပြီး တော့ ဒီဘက်ကိုအလင်းလာဝင်ခြင်းဖြစ်ပါတယ်။အခုကျန်ရှိနေတဲ့ အဖွဲ့သားတွေ၊ ကျန်တဲ့သူတွေရော သမီးတို့လို အနိုင်ကျင့်ခံရတာကို ပြီးတော့ အတင်းအဓမ္မခေါ် ခံရတာမျိုးတို့ရှိတဲ့သူတွေလည်း ရှိကြတယ်။ အဲလိုရှိတဲ့သူတွေလည်း တပ်မတော် ဘက်က အလင်းဝင်တဲ့ သူတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ သမီးကို လည်း တပ်မတော်ကအလင်းဝင်တဲ့အတွက် ဘာမှမလုပ်ဘူး။ ကောင်းကောင်း မွန်မွန်ပဲထားတယ်။ ကောင်းကောင်းမွန်မွန်ပဲ မိဘလက်ထဲပြန်အပ်တယ်။ အဲတာ ကြောင့်မို့ ကျန်ရှိနေတဲ့ သူတွေကိုလည်း တပ်မတော်ထဲမှာ အမှားကို သီးပြီး အမှန်ကို ပြန်ပြင်နိုင်အောင်လို့ တပ်မတော်ထဲကို အလင်းဝင်ပါလို့ သမီးကပြော ချင်ပါတယ်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား

          အကြမ်းဖက် TNLA ထဲ ရောက်လာတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့ရွာကိုလာပြီးတော့ အဓမ္မအတင်းဆွဲခေါ်တာပေါ့။ တစ်ချို့က မင်းတို့မလိုက်ရင် မင်းတို့မိဘကို ခေါ်သွားမယ် အိမ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါကြောင့် မိသားစုကို ငဲ့ပြီးတော့ ကျွန်တော်အဲဒီအဖွဲ့ထဲကို ရောက်သွားပါတယ်။ အဲဒီမှာ အစားလည်း ဆင်းရဲတယ်။ အနေလည်း ဆင်းရဲ တယ်။ ဆေးဝါးလည်း မပြည့်စုံဘူး။ လေ့ကျင့်ခန်းလည်း ကြမ်းကြမ်းတမ်းတမ်း လည်း လုပ်ရတယ် ။ အသက်ကြီးပိုင်းတွေဆိုရင် လေ့ကျင့်ခန်းမလုပ်နိုင်ရင် ရိုက် တယ်။ ဆူတယ်၊ ကန်တယ်၊ ရေထဲစိမ်တယ်။ တစ်ချို့ဆို မူးလဲတယ်။ ပြန်မထူ ခိုင်းဘူး ဒီအတိုင်းပဲ ထားခိုင်းတယ်။ တစ်ချို့ဆိုရင် နေပူလှန်လို့ လှုပ်ရင်သေနက် တွေနဲ့ ခြိမ်းခြောက်တာပေါ့။ မင်းတို့ကို ပစ်သက်လို့ရတယ်။ ငါတို့အဖွဲ့အစည်းမှာ လူသက်ပိုင်ခွင့်ရှိတယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ တစ်ချို့ ထွက်ပြေးတဲ့ ရဲဘော် တွေလည်းရှိတယ်။ သင်တန်းကွင်းမှာ စိတ်ပင်ပန်းလို့ ပြန်မိရင် ရိုက်တယ်၊နှက် တယ်၊ ထုတယ်။ မင်းတို့ဘာကြောင့် ထွက်ပြေးတာလည်းလို့ မေးတယ်။ မင်းတို့ အာဏာရှင် တိုက်ထုတ်ဖို့ဝင်လာတာမဟုတ်ဘူးလားလို့ မေးတယ်။ ကျွန်တော် တို့အမြင်မှာတော့ ဒီသင်တန်းကွင်းမှာ လေ့ကျင့်ခန်း လုပ်ခိုင်းတာ အာဏာရှင် ထက် ဆိုးနေတာပေါ့။ ရိုက်တယ်၊ကြမ်းတယ် ပြောတော့ အာဏာရှင်မကြိုက် ဖူးလေးဘာလေးနဲ့ တကယ်တမ်း အာဏာရှင်က သူတို့ဖြစ်နေတယ်။ TNLA အဖွဲ့ နဲ့ DPLA အဖွဲ့မှာဆိုရင် ဒီအဖွဲ့အစည်းလည်း သိပ်မရှိတော့ဘူးပေါ့နော်။ အလင်း ဝင်ချင်တဲ့ သူတွေလည်းရှိတယ်။ ထွက်ပြေးလွတ်မြောက်တဲ့ ရဲဘော်တွေလည်း ရှိတယ်။ တပ်မတော်ထဲ အလင်းဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ တပ်မတော်က ညှင်း ပန်းနှိပ်စက်တာတွေမရှိဘူး။ သူတို့ပြောခဲ့သမျှဟာတွေ ဘာမှမဟုတ်ဘူး၊ နွေးနွေးထွေထွေကြိုဆိုပါတယ်။ ရှေ့ဆက်ပြီး အလင်းဝင်ပြီးတော့ ကျွန်တော်တို့ ကျောင်းတက်ချင်တဲ့ ရဲဘော်တွေလည်း ကျောင်းနေလို့ရတယ်။ မိဘနဲ့ လွတ် လွတ်လပ်လပ် နေအိမ်မှာ တောင်ယာလုပ်စားချင်လည်းရတယ်။ ဘာမှကြောက် စရာမလိုဘူး။ အေးအေးဆေးဆေး ဖော်ဖော်ရွေရွေပဲ အစားအသောက် ကောင်း လည်း ကျွေးတယ်။ ဒါကြောင့်မို့ အလင်းဝင်ရောက်ဖို့ရာ ဖိတ်ခေါ်ပါတယ်။