news

            PDF အမည်ခံအကြမ်းဖက်သမားများသည်   ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍  စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်  ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Prachuap Khiri Khan(OPV-552) သည် ယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် နောင်ချိုမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုး-မန္တလေးပြည်ထောင်စုလမ်းမကြီးအတိုင်း ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ မင်းမင်းကို မောင်းနှင်လာသော HYUNDAI  GRAND  STAREX မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၇၆၉၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ မွန်းလွဲ ၁ နာရီအချိန် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ကျော်သူအောင်အား နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးတွင် NISSAN AD VAN မော်တော် ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ် ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အေးချမ်းတည်ငြိမ်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသအတွင်း အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက် ပိတ်ဆို့ရန် အကြံဆိုးဖြင့် ပြည်ပမှ NUG ၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့၊ ပြည်တွင်း မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့၏ မြှောက်ပင့်ပေးမှုများအရ NCA တွင် လက်မှတ် ရေးထိုးထားသည့် PNLA အဖွဲ့မှ ငြိမ်းချမ်းမှုကို မလိုလားသူအချို့နှင့် KNDF ၊ KNPP အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍  ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှုများ လုပ်ဆောင်လာခဲ့ သည်။

          ပြည်ပမှမှာယူထားသည့်စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့် အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက် သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၉-၂-၂၀၂၄ ရက်နေ့တွင် ဆီတင်ယာဉ်(၁,၁၇၅)စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင် ခဲ့ကြောင်းနှင့် သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီ အလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှုအခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရှိရပြီး အများပြည်သူအနေဖြင့် ကောလာဟလသတင်းများကြောင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပါကြောင်း သတင်းရရှိ ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်းရှိ စာသင်တိုက်ကြီး ၇ တိုက်မှသံဃာတော်(၁၆၀) ပါး၊ အုပ်ချုပ်သူ(၈)ဦး၊ ဆေးအကူ (၂)ဦး၊ စုစုပေါင်း (၁၇၀)ဦး နှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပ‌ဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများ စုစုပေါင်း (၁၅၃)တို့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် မကွေးမြို့ပတ်ဝန်း ကျင်တစ်ဝိုက် လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် ပွင့်ဖြူမြို့ အနောက်မြောက်ဘက် ရေဘုတ်ကြီးရွာအနီးသို့အရောက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့် တွင် ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယား ဆိပ်ကမ်းဈေးအတွင်း၌ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှု ကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု များ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက သွားရောက် တွေ့ဆုံ၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများအား စစ်တွေမြို့ နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေ လျက်ရှိသည်။

          မကွေးတိုင်းဒေသကြီး၊ မြစ်ခြေမြို့နယ်ရှိ ဖလံအိုကျေးရွာ၊ ချိုင်ကျေးရွာနှင့် ရေကြည်ကျေးရွာတို့ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများယူဆောင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။