မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ အကြမ်းဖက်သမားများက ဧပြီ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာ၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ရပ်ကွက်နေပြည်သူ ၁ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
news
မနေ့က ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီခွဲနဲ့ ၁၀ နာရီခွဲကြားမှာတော့ ပြင်ဦးလွင်မြို့ကို အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ပြင်ဦးလွင် စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ ပြီးရင် အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်၊ Luxury Hotel နားနဲ့ ရပ်ကွက်ကြီး(၅)ဘက်မှာရှိတဲ့ အရပ်သားနေအိမ်တွေအပေါ်မှာ နေရာ ၈ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အောင်မြေဇေယျာဘုန်းကြီးကျောင်းမှာရှိနေတဲ့ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ ပြည်သူ ၂ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရ ၁၂ ဦး ရရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင
အကြမ်းဖက်သမားများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဆင်နွှဲနေသည်ကို မနာလိုမရှုစိမ့်ဖြစ်ခြင်းနှင့် ပြည်သူများ တည်ငြိမ်အေးချမ်းမှု ပျက်ပြား၍ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လူနေ မြို့/ရွာ ရပ်ကွက်များအတွင်းသို့ Drop Bomb များ ၊ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများနှင့် လက်လုပ်မိုင်းများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမူဖြစ်ခဲ့ပါတယ်။ ကလေးငယ် ၅ဦးအပါအဝင်ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒီနေ့မနက် ၁၀နာရီခွဲ လောက်မှာ မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နောက်ဘက်မှာရှိတဲ့ ဆိုင်ကယ်ရပ်တဲ့ နေရာမှာဆိုင်ကယ်တစ်စီးရဲ့ အိပ်ဇောကနေပြီး လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများ ဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ ဧပြီ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာ များအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃၀၀၀ ကျော်ခန့်သည် ၎င်းတို့၏ ကျေးရွာများအား စွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိကြောင်း သိရှိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက်ဆိုင်ကယ်ရပ်နားဆောင်၌ ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်း ဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦး အပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက်ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံအကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦး အပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံးပြီး ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင် ဈေးဆိုင်များ မီးလောင်ပျက်စီးမှုများဖြစ်ပွား၊ ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ရလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံး ခဲ့ပြီး ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရှိရသည်။