news

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့ သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ လျက်ရှိကြောင်းတွေ့ရှိရသည်။

    နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် စီရင်ပိုင်ခွင့်

၁။      ဤဥပဒေကို ဆိုက်ဘာလုံခြုံရေးဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။       ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်စေရမည်။

          ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ သေဂေလူရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက  မဟုတ်မမှန်ရေးသား ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။