တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြား သည်။
news
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွား ရေးဘဏ် (ရုံးချုပ်) ၌ ကျင်းပသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး Mr. Uladzimir Baravikou အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တပ်မတော်က ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ဧည့်စာရင်းများ ဝင်ရောက်စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့နှင့် မှတ်ပုံတင်မပြနိုင်သော လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ပြည်သူများက ပြောသည်ဟု မဟုတ်မမှန် သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
(၂၀၂၄)ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်သည်။
မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်က မင်းတုန်းမင်းတြားကြီး ဆောက်လုပ်ပြီး ပထမ ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးအား လှူဒါန်းခဲ့သော ကျွန်းကျောင်းတော် ကြီးကို ထိုင်းနိုင်ငံမှ အလှူရှင်များက မတည်လှူဒါန်းပြီး မြန်မာနိုင်ငံမှ အလှူရှင်များ ၏ပါဝင်ကုသိုလ်လှူဒါန်းမှုတို့ဖြင့် ပြုပြင်ခဲ့ရာ အလုံးစုံအောင်မြင်ပြီးဖြစ်သည့်အတွက် ပြုပြင်ပြီးစီးမှု အထိမ်းအမှတ် ရေစက်ချကုသိုလ်မင်္ဂလာ အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ၏ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ရှိ မဟာဓမ္မိကာရာမရွှေကျင် တိုက်မကြီး၌ ကျင်းပပြုလုပ်သည်။
စစ်မှုထမ်းဆောင်ရန်အတွက်ရွှေဘို-မြစ်ကြီးနားကားလမ်းတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များမှလူငယ်များကိုစစ်ဆေးမှုများပြုလုပ်၍ဖမ်းဆီးနေကြောင်းနှင့် မုံရွာမြို့ပေါ်ရပ်ကွက်များ၊ စက်ရုံအချို့တွင်စာရင်းကောက်ယူများများပြုလုပ်နေကြောင်းသတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၇ ရက်
ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းဆောင်ရန် အတွက် လူငယ်များကို စစ်ဆေးမှုများပြုလုပ်ဖမ်းဆီးနေကြောင်း မဟုတ်မမှန် သတင်း များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိ ကြောင်းတွေ့ရှိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှအဖွဲ့ဝင်များအားတွေ့ဆုံ
အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ စောင့်ရှောက်ရေးသည် နိုင်ငံ့အရေးပင်ဖြစ်ပြီး နိုင်ငံ့အရေးနှင့် ပတ်သက်၍ နိုင်ငံတော်တွင်ရှိသည့် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း(ဗဟို)မှ အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)ရုံး၌ တွေ့ဆုံသည်။