မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၂၅

Friday, July 25, 2025 - 14:30

                မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသ ခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ မေဃဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

                ဦးစွာ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် အသုံးပြု၍ မဲပေးခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တွင် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း၊ တာဝန်ရှိသူများက မဲရလဒ်များ အား ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းများကို သရုပ်ပြသကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြေင်း သတင်းရရှိသည်။