news

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များနှင့် အကြမ်း ဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက် ဆက်သွယ် သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် နတ်မောက်မြို့နယ်၊ ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ယနေ့ညနေပိုင်းတွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်း ဖက်သမား အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက်     ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အမှတ်(၇)အဆန်/(၈)အစုန်ရထားနှင့် မန္တလေး-နေပြည်တော်လမ်းပိုင်း၌ လေအိတ်ရထားတွဲဆိုင်းဖြင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် လူစီးရထားခရီးစဉ်များ စတင်တိုးချဲ့ချိတ်ဆက်ပြေးဆွဲ

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများ အပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနှိမ်နင်းဆောင်ရွက်လျက်ရှိသည်။

    နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ငါ့နန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော် အဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။

    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။ 

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အား PDF အမည်ခံ အကြမ်းဖက်သမားများက  ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်း မရှိသဖြင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး  အဆိုပါကျောင်းအနီးရှိ ကုန်စုံဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိ ရသည်။

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ မဟာပဥ္စိမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦး ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦးသေဆုံး

နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ - ၂၇

             PDF အမည်ခံအကြမ်းဖက်အဖွဲ့က စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ မဟာပဉ္စိမရာမဘုန်းတော်ကြီးကျောင်းဝန်း အတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့်  ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး ကိုရင်များဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။