ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (  ၄၂ / ၄၃ / ၄၄ / ၄၅ / ၄၉ / ၂၀၂၅ ) ဩဂုတ်လ ၇ ရက်

Thursday, August 7, 2025 - 14:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ်၄၂ / ၂၀၂၅ )

၁၃၈၇ ခုနှစ် ၊ ဝါခေါင်လဆန်း   ၁၄   ရက်

( ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ  ၇  ရက် )

ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ ၄ လွှာ (ဘီ)၊ အမှတ် (၁၁၀) တွင် ပါတီရုံးချုပ် (ယာယီ) ဖွင့်လှစ်ထားရှိသော ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              ဇိုမီးအမျိုးသားပါတီ (Zomi National Party)၏  မှတ်ပုံတင်အမှတ်မှာ (၅၉) ဖြစ်ပါသည်။

( ပုံ ) သန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၄၃ /၂၀၂၅ )

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာ စာအမှတ် (၅၀/၂၀၂၅) ဖြင့် “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ” ကို ၁၃၈၇ ခုနှစ်၊ ဝါခေါင် လဆန်း ၁၄ ရက်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

 

 

 

(ပုံ) သန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၄၄ /၂၀၂၅ )

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာ စာအမှတ် (၅၁/၂၀၂၅) ဖြင့် “အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ” ကို ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

 

 

 

(ပုံ) သန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၄၅ /၂၀၂၅ )

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာ စာအမှတ် (၅၂/၂၀၂၅) ဖြင့် “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ” ကို ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

 

 

 

(ပုံ) သန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အမိန့်ကြော်ငြာစာအမှတ် ( ၄၉ /၂၀၂၅ )

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

၁။      ဤနည်းဥပဒေများကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။       နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၁၅ နည်းဥပဒေခွဲ(ည)၏ နောက်တွင် နည်းဥပဒေခွဲ(ဋ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်  -

          “(ဋ)     ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း။”

 

 

 

(ပုံ) သန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်