ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ နေပြည်တော်၊ ၂၀၂၅ ဩဂုတ်- ၁၄

Thursday, August 14, 2025 - 16:15

                တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် နှင့် တာဝန် ရှိသူများက မြိတ်မြို့ရှိ နယ်မြေခံတပ်ခန်းမ၌ တွေ့ဆုံသည်။

                ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက အသုံးအဆောင်ပစ္စည်းများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။