ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ်၊ ၉၂၂/၂၀၂၅
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်
(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)
မတရားအသင်းအဖြစ်ကြေညာခြင်း
၁။ နိုင်ငံတော်ယာယီသမ္မတသည် ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရား ဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊ အများပြည်သူ တို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက်အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည် ယူဆသည်။
၂။ သို့ဖြစ်ပါ၍ နိုင်ငံတော်ယာယီသမ္မတသည် မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၆ အရ အထက်ဖော်ပြပါ အဖွဲ့၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပာယ်ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ် ကြေညာလိုက်သည်။
အမိန့်အရ
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန