ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူ များက ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးက ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအတွက် စားသောက်ဖွယ် ရာများကိုလည်းကောင်း အသီးသီးပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများနှင့် ကျောင်းဝန်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။