စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အနောက်ခြမ်းနှင့် မကွေးတိုင်းဒေသကြီး၊ ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရသည်။
news
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာရှိ ကယ်ဆယ်ရေးစခန်း၌ မတ်လ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီး၊ တပ်မတော်ရေသယ်ယာဉ် ၁ စီး တို့နှင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြကြောင်း သိရှိရသည်။
မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ပြီး တိုက်ဖျက် လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၀၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။
နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များနှင့် အကြမ်း ဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက် ဆက်သွယ် သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် နတ်မောက်မြို့နယ်၊ ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ယနေ့ညနေပိုင်းတွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်း ဖက်သမား အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အမှတ်(၇)အဆန်/(၈)အစုန်ရထားနှင့် မန္တလေး-နေပြည်တော်လမ်းပိုင်း၌ လေအိတ်ရထားတွဲဆိုင်းဖြင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် လူစီးရထားခရီးစဉ်များ စတင်တိုးချဲ့ချိတ်ဆက်ပြေးဆွဲ
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများ အပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနှိမ်နင်းဆောင်ရွက်လျက်ရှိသည်။


















