လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဒေသခံတိုင်းရင်းသားပြည်သူများ အတွက် ဆန်၊ ဆီ နှင့် စားသောက်ကုန်များထပ်မံရောက်ရှိ နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၃

Friday, October 3, 2025 - 16:30

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဒေသခံတိုင်းရင်းသားပြည်သူများ အတွက် ဆန်၊ ဆီ နှင့် စားသောက်ကုန်များထပ်မံရောက်ရှိ

နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၃

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ယခုကဲ့သို့ ကျောက်မဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ရရှိပြီးချိန် တွင် အကြမ်းဖက်သမားများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အစိုးရ၏အုပ်ချုပ်မှုယန္တရား များဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လူနေအဆောက်အအုံများ ပြန်လည်ပြုပြင် နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ အနာဂတ်ရင်သွေးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် အတွက် ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝန်း အတွင်း/အပြင် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများအား သန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ပေးခြင်းနှင့် အခြားလိုအပ်သည်များအား ဆောင်ရွက်ပေးသည်။

ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများအတွက်  စားသောက်နေထိုင်ရေး အဆင် ပြေစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ဆန် ၅၀၀ အိတ်၊ ဆီ ၅၀၀ ပိဿာ၊ ဆား ၅၀၀ ပိဿာနှင့် စားသောက်ကုန်များ ထပ်မံရောက်ရှိခဲ့ပြီး အဆိုပါ စားသောက်ကုန်များအား ဒေသခံများ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွား မည်ဖြစ်သည်။

၎င်းအပြင် ကျောက်မဲ့မြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင် စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။