ကျောက်မဲမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ အတွက် ဆန်၊ ဆီ နှင့် စားသောက်ကုန်များထပ်မံရောက်ရှိ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၄

Saturday, October 4, 2025 - 16:15

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲမြို့၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန် လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်မဲမြို့ရှိ အုပ်ချုပ်ရေးယန္တရားများ အမြန် ဆုံးပြန်လည်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဥပဒေရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ ဝန်ထမ်း ၃၄ ဦးတို့ သည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်မဲမြို့သို့ ထပ်မံရောက်ရှိကြပြီး ၎င်းတို့နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသခံတိုင်းရင်းသားပြည်သူများအတွက်  လှူဒါန်းသော ဆန် အိတ် ၅၀၀ အိတ်နှင့် ဆီ ၅၀၀ ပိဿာ တို့ထပ်မံရောက်ရှိလာသဖြင့် အောက်တိုဘာ ၃ ရက် မှ ယနေ့အထိ စုစုပေါင်း ဆန်အိတ် ၁၀၀၀ အိတ်၊ ဆီ ၁၀၀၀ ပိဿာ၊ ပဲ ၃၀၀ ပိဿာ၊ ဆား ၅၀၀ ပိဿာ၊ Family Kits ၆၇ ပုံးတို့ရောက်ရှိပြီဖြစ်ပြီး အဆိုပါစားသောက်ကုန်၊ အသုံး အဆောင်ပစ္စည်းများကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ယာယီနေရပ်စွန့်ခွာခဲ့သည့် ဒေသခံ တိုင်းရင်းသားပြည်သူ များသည်လည်း ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားပေးခြင်း များနှင့် လိုအပ်သည့်ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

၎င်းအပြင် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ ဆယ်တင်တူးဖော်ပေး ခြင်းနှင့် စာသင်ခန်းများအတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့ကို စုပေါင်းဆောင် ရွက်ပေးကြပြီး ကျောက်မဲမြို့ကျက်သရေဆောင်ခန်းမ၊ ကျောက်မဲမြို့မဈေးနှင့် ပတ်ဝန်း ကျင်နေရာများ၌လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြ သည်။

ထို့ပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စား သောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုး ရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။