news

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့်   လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဗီယက်နမ် အစိုးရမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ငလျင်ဒဏ်သင့် ပြည်သူများအတွက် သြစတြေး အစိုးရမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်အကြီးအကဲ Mr. Rustan Minnikhanov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၈

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီး၏ ထီးတော်ရှိ စိန်ဖူးတော်မြေခ၊  ဌာပနာပစ္စည်းများအား လုပ်အားပေးဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ဝန်ထမ်းများက ရှာဖွေတွေ့ရှိပြီး တာဝန်ရှိသူများထံ ပြန်လည်အပ်နှံ

နေပြည်တော်၊ ၂၀၂၅ ဧပြီ ၈ ရက်

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားသို့တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား
နေပြည်တော်၊ ဧပြီ  ၈

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ်၊ မြဝတီမြို့-မင်းလက်ပံနှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်း လောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပ နိုင်ငံသားများကို စစ်ဆေးဖော်ထုတ်၍ စနစ်တကျပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ    ယနေ့ တွင် ပြည်ပနိုင်ငံသား ၈၉ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံး လု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ  ဆေးကုသဆောင်များအား         သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ - ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဝန်ထမ်းအိမ်ရာများနှင့် ယာယီရွှေ့ပြောင်းနေရာများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဧပြီ ၈

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြား
နေပြည်တော်၊ ဧပြီ ၇