ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြား သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ နှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားဝင်များ၊ ပညာတော် သင် သင်တန်းသားများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ် သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)” သို့ တက်ရောက် ဆွေးနွေးရန် ဖိတ်ကြားချက်အရလာရောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တက်ရောက်ခဲ့ ကြောင်း၊ မကြာသေးမီကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော် လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်း အမှတ်စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် အခြားသောထိပ်သီးအစည်းအဝေးများသို့လည်း တက် ရောက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာ အခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက်ကောင်းမွန်သည့် အကျိုးရလဒ်များကိုရရှိစေကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် နိုင်ငံတော် ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု များကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမို ကရေစီရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပပေးသွားရမည်ဖြစ်ပြီး မကြာမီ ကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲများ တွင် မဲမသမာမှုဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာ မည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု မရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစနစ် (MEVM)ဖြင့် ဆေင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)များသည် ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်၍မရ ကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့်ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဆောင်ရွက်သွားရန်မှာ မိမိတို့၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏အကျိုးကို အမှန် တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူဖြစ် ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများ ဖြစ်ရန်လိုကြောင်း၊ သံရုံး၊ စစ် သံရုံး မိသားစုများ၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ရွေးချယ်မည့်ကိုယ်စား လှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်သွားရန်လိုကြောင်း။
သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင်သင်တန်းသားများအနေဖြင့် အလှမ်းကွာဝေးပြီး မိမိတို့နှင့်အခြေခံမတူသည့် ရေခြား၊ မြေခြားအရပ်ဒေသများတွင် နိုင်ငံတော်၏တာဝန်များကို အခက်အခဲများကြားမှ လာရောက်ထမ်းဆောင်ကြခြင်း၊ ပညာသင်ယူခြင်းများကို ဆောင်ရွက်နေကြရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင်သင်တန်းသားများ၏ အခက်အခဲများကို နားလည်သဘောပေါက်ပြီး လိုအပ်သည်များကို အခါအခွင့်ကြုံသည့်အခါတိုင်း ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ကျရာတာဝန်များကို ထမ်းဆောင်နေကြ ရာ၌ မိမိကိုယ်ကိုယ်သစ္စာရှိရန်၊ မိမိအလုပ်အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အပေါ်သစ္စာရှိ ရန်လိုကြောင်း။
မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်မှစ၍ ယခုအချိန်အထိ ကပ်ရောဂါ ကြုံတွေ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာ သည့် အခက်အခဲအကြပ်အတည်းနှင့် ပိတ်ဆို့မှုများကို နိုင်ငံတော်နှင့်နိုင်ငံသားများ အတွက် စစ်မှန်သည့်စေတနာနှင့် သစ္စာတရားကိုလက်ကိုင်ထား၍ ကြံ့ကြံ့ခံ ဖြတ်ကျော် ခဲ့ခြင်းဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင်သင်တန်းသားများ အနေဖြင့်လည်း မိမိကိုယ်ကိုနှင့် မိမိအလုပ်ကိုသစ္စာရှိရန်၊ နိုင်ငံတော်နှင့် နိုင်ငံသား များအပေါ်သစ္စာရှိရန် မှာကြားလိုကြောင်း။
ငွေကုန်ကြေးကျခံ၍ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များရရှိ နိုင်ရန် ပညာတော်သင်စေလွှတ်ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ကျေးဇူးကို မမေ့ ရန်နှင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများကို ပြန်လည်ထမ်းဆောင်သွားကြ ရန်လိုကြောင်း၊ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ အနာဂတ်နိုင်ငံ တော်အကျိုးကို တတ်စွမ်းသည့်ဘက်မှ ဖော်ဆောင်သွားကြရန်လိုကြောင်း၊ နိုင်ငံတော် အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက် ရှိပြီး အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာ တော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုး ထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း။
ထို့ပြင် မိမိတို့မြန်မာနိုင်ငံသားများ အချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်ကြ ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတစွာနေထိုင်ကြရန်၊ ဂရုစိုက်ကြရန် မှာကြားလို ကြောင်း၊ မိမိတို့တစ်ဦးချင်းစီအလိုက် အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင် သွားလာစားသောက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဆောင်ရွက် ကြခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်သွားကြရန်လိုကြောင်းဖြင့် မှာကြားပြီး လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသား များက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။