news
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အား ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်၊ ရပ်စောက်- နောင်ချိုသွား ကားလမ်း၊ မကျည်းရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ စိုင်းဖောင်း မောင်းနှင်ပြီး မင်းပိုင်ထူး လိုက်ပါလာသည့် Dongfeng Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့်ယာဉ်နှင့် ရှေ့နောက်လိုက်ပါ၍ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် မျိုးမင်းထွန်း နှင့် ကျော်သက်ဦး တို့အား NISSAN AD VAN မော်တော်ယာဉ်နှင့်လည်းကောင်း၊ အေးကျော်(ခ)ကျော်နိုင် နှင့် ဟိန်းထက်အောင် တို့အား TOYOTA PROBOX မော်တော်ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ တာဝန်ခံသယ်ဆောင်သူ ကိုပြည့်(ခ)ပြည့်ဖြိုးသူ(ခ)မင်းမြတ်နိုင် နှင့် မထွယ်ဆန်အိန် တို့အား မေလ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၈ စီလမ်း၊ ၅၄ x ၅၅ လမ်းကြားတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တမာကုန်းကျေးရွာမှ ဒေသခံပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်နှင့် ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ် တော်တို့အား ချီးကျူးဂုဏ်ပြု ပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ် များ ထံမှ ဩဝါဒခံယူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တိပိဋကကမ္ဘောဇကျောင်းတိုက်၌ ပြုလုပ်ရာ တိပိဋက မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင် များ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီး ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ရွှေစည်းခုံစေတီတော်မြတ်ကြီး