၂၀၂၅ခုနှစ်၊ (၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) (အမျိုးသား/အမျိုးသမီး) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နဝဒေးအားကစားရုံ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။
ဉီးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူး က အဖွင့်အမှာ စကားပြောကြားသည်။ ထိုနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် အဖွင့် ပွဲစဉ်များဖြစ်သည့် အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ပန်ကြပ်အတိုက် ပြိုင်ပွဲ၊ အမျိုးသား ဓါးတစ်လက်အတိုက်ပြိုင်ပွဲ နှင့် အမျိုးသမီး ဓါးတစ်လက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများ ကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗန်တို အတိုက်ပြိုင်ပွဲ၊ဓါးတစ်လက်အတိုက်ပြိုင်ပွဲ၊ ဓါးနှစ်လက်အတိုက်ပြိုင်ပွဲ၊ပန်ကြပ် အတိုက် ပြိုင်ပွဲ၊ စွမ်းရည်ပြပြိုင်ပွဲ စသည့် အမျိုးအစား (၅)မျိုးပါဝင်ပြီး ပြိုင်ပွဲဝင် အသင်း (၁၅)သင်းဖြင့် အောက်တိုဘာလ(၃)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။