ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လမ်းကြောင်းတစ်လျောက် မှ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၁၀ ဦးကျော် သတ် ဖြတ်ခံရကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများ ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံ ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
news
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၊ ကလေး-ကလေးဝသွားကားလမ်းတွင် ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှ လိုက်ပါလာသည့် MITSUBISHI FUSO ၆ ဘီး Container Box မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅,၅၀၀ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် သော့နေလွယ်(ခ)ပါးလွယ် နှင့် ဇနီးဖြစ်သူ မအေးအေးမြင့် တို့အပါအဝင် ဝင်းအောင်ထွန်းနှင့် တင်မောင်လှတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုး အမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း မေလ ၂၈ ရက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့များနှင့် မိသားစုဝင်များ သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Academy ပရိဝုဏ်အတွင်း၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင် ဖွင့်လှစ်နေပြီးဖြစ်သည်။
၁။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျက်ရှိရာတွင် ဝိသမသမားစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏စီးပွားရေး၊ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံး ရောင်းချခြင်း များဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
၁။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျက်ရှိရာတွင် ဝိသမသမားစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏စီးပွားရေး၊ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံး ရောင်းချခြင်း များဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂ ရက်နေ့အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများ နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံပြီးစီး ခဲ့ပြီး ကျန်ရှိသည့် ကျောင်းသားကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာကျောင်းများထံသို့ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။