ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော်မတီ၏ နိုင်ငံရေးနှင့်

Monday, September 29, 2025 - 18:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ - ၂၉

ကာဇတ်စတန်နိုင်ငံသမ္မတ  H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ် ကြားချက်အရ ကာဇတ်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ပြည် ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌ လိုက်ပါလာသည့် အထူးလေယာဉ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကူမင်းမြို့၊ ကူမင်းလေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ တရုတ်ကွန်မြူနစ် ပါတီ ယူနန် ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော်မတီ ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ အထူး ကိုယ် စားလှယ် H.E. Mr. Deng Xiju နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲ တမ်း ကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်အတွင်းရေးမှူး တို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးရာ တွင် တရုတ်နှင့်မြန်မာသည် ခိုင်မာသည့်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် အိမ်နီး ချင်းနိုင်ငံများဖြစ်ပြီး ယုံကြည်ရသည့်မိတ်ဆွေနိုင်ငံဖြစ်သည့်အခြေအနေများ၊ တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအပါအဝင် သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တိုင်း ကူညီဆောင်ရွက်ပေး လျက်ရှိမှုနှင့် ဆက်လက်၍လည်းလိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေး အတွက် နှစ်နိုင်ငံအပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ် ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်ပါဝင်သည့် စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန် ဆုံး အောင် မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား  ကူးလူးဆက်ဆံမှုနှင့် ကုန် သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့်ပြည်သူနှစ်ရပ်အကြား အကျိုးရှိစေ မည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ် များနှင့်   ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်း ကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များက လိုက်လံပို့ ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။