မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်း အနားကို ယနေ့သင်္ကြန်အတက်နေ့နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်၊ရေ၊လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ယိမ်းအဖွဲ့များတက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အနုပညာရှင်များ၊ တေးသံရှင် များနှင့် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အနုပညာရှင်များနှင့် ယိမ်းအက အဖွဲ့များအား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
news
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ အကြမ်းဖက်သမားများက ဧပြီ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာ၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ရပ်ကွက်နေပြည်သူ ၁ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
မနေ့က ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီခွဲနဲ့ ၁၀ နာရီခွဲကြားမှာတော့ ပြင်ဦးလွင်မြို့ကို အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ပြင်ဦးလွင် စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ ပြီးရင် အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်၊ Luxury Hotel နားနဲ့ ရပ်ကွက်ကြီး(၅)ဘက်မှာရှိတဲ့ အရပ်သားနေအိမ်တွေအပေါ်မှာ နေရာ ၈ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အောင်မြေဇေယျာဘုန်းကြီးကျောင်းမှာရှိနေတဲ့ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ ပြည်သူ ၂ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရ ၁၂ ဦး ရရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင
အကြမ်းဖက်သမားများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဆင်နွှဲနေသည်ကို မနာလိုမရှုစိမ့်ဖြစ်ခြင်းနှင့် ပြည်သူများ တည်ငြိမ်အေးချမ်းမှု ပျက်ပြား၍ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လူနေ မြို့/ရွာ ရပ်ကွက်များအတွင်းသို့ Drop Bomb များ ၊ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများနှင့် လက်လုပ်မိုင်းများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမူဖြစ်ခဲ့ပါတယ်။ ကလေးငယ် ၅ဦးအပါအဝင်ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒီနေ့မနက် ၁၀နာရီခွဲ လောက်မှာ မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နောက်ဘက်မှာရှိတဲ့ ဆိုင်ကယ်ရပ်တဲ့ နေရာမှာဆိုင်ကယ်တစ်စီးရဲ့ အိပ်ဇောကနေပြီး လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများ ဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ ဧပြီ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာ များအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃၀၀၀ ကျော်ခန့်သည် ၎င်းတို့၏ ကျေးရွာများအား စွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိကြောင်း သိရှိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။