ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ မတ်လ ၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်တွင် ဆွေးနွေးညှိနှိုင်းချက်များအရ မြန်မာနိုင်ငံမှ ပေါင်းဆန်များအား ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးနှင့် ရုရှားနိုင်ငံမှ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူရေးတို့အတွက် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံမှ Starbanner Company Limited နှင့် ရုရှားနိုင်ငံမှ Tabiya Limited Liability Company တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို စိန့်ပီတာစဘတ် မြို့၊ lotte Hotel ၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
news
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက် ပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ် အစိုးရဧည့်ဂေဟာ K2 ၌ ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် ဖွင့်လှစ်ပေးသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စိန့်ပီတာစဘတ် မြို့ အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒား ဘယ်ဂ်လော့ နှင့် မတ်လ ၅ ရက်နေ့ဒေသစံ တော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ အစိုးရဧည့်ဂေဟာ K2 ရှိအစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် စိန့်ပီတာ စဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery ၌ လွမ်းသူပန်းခွေချ အလေးပြုသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ ဗစ်တရာဗစ်ချ် လတ်ဗ်ရော့အား ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့အား ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ချီးမြှင့် အပ်နှင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း များ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာ ရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြော ကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ရုရှားနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ပို့ ဆောင်နှုတ်ဆက်ကြသည်။



























