နေပြည်တော် ၊ ၂၀၂၅ မတ် ၁၁
အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော် (၈၈) နှစ်ပြည့်ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပထမနေ့တွင် သာသနာနွယ်ဝင် သီလရှင်အပါး(၁၀၀၀)အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်း တောင်ရိုးရှိ သီတဂူ အပြည်ပြည် ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ကျင်းပသည်။












































