ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ရပ်မိရပ်ဖများအား ယနေ့နေ့လယ်ပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာများအား ဆွေးနွေးပြောကြားသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည့် ကိုကိုးကျွန်းလေဆိပ်သို့ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌသည် ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရပ်မိရပ်ဖ များအား မြို့နယ်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကိုကိုးကျွန်းမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက် ရောက်ကြသည်။
ဦးစွာ ကိုကိုးကျွန်းမြို့နယ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ အီလက်ထရောနစ်မဲပေးစနစ်(MEVM) စက်များအသုံးပြုနိုင်ရေး အသိပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ကိုကိုဆည်မှတစ်ဆင့် သောက်သုံး ရေများဖြန့်ဝေပေးလျက်ရှိမှု၊ ရေသန့်စက်များတပ်ဆင်၍ သောက်ရေသန့်များဖြန့်ဝေ ပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိမှု၊ အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍ၊ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကိုကိုးပင်များ စိုက်ပျိုးလျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အခြေအနေများကို လည်းကောင်း၊ ကိုကိုးကျွန်းမြို့ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးကဏ္ဍလိုအပ်မှု၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း အတွက်လိုအပ်မှု၊ ပုဂ္ဂလိက လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ကိုကိုးပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ဒေသ အတွက်အကျိုးဖြစ်ထွန်းစေရန်အတွက် စိုက်ပျိုးစေခြင်းဖြစ်ကြောင်း၊ ကိုကိုးပင် စိုက်ပျိုး ခြင်းများတိုးတက်စေရေးအတွက် မိမိတို့ကိုယ်တိုင်ဆက်လက်၍ ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ဒေသဝင်ငွေတိုးတက်ရရှိရေးအတွက် ဒေသတွင်နေထိုင်ကြသူ များက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြည့်စွက်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ကိုကိုးကျွန်းဒေသအတွက်လိုအပ် လျက်ရှိသည့် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး သမဝါယမလုပ်ငန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ အိမ်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီ ဆောင်ရွက် ပေးသွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး ကူညီဆောင်ရွက် ပေးသွားမည့်အခြေအနေများ၊ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဆက်သွယ်ရေးကွန်ရက် များ တပ်ဆင်ပေးထားမှု၊ ပညာရေးကဏ္ဍအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေး သွားမည့်အခြေအနေများသက်အား ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မိမိအနေဖြင့်ကိုကိုးကျွန်းမြို့သို့ လာရောက်ခဲ့သည်မှာ ၂၀ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ကိုကိုးကျွန်းမြို့ တိုးတက်စေရေး မိမိအနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်မှ စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ယခင်ကနှင့်လုံးဝမတူတော့ဘဲ ဖွံ့ဖြိုးတိုးတက်မှု ရှိလာသည်မှာမျက်ဝါးထင်ထင်ပင်ဖြစ်ကြောင်း၊ မိမိတို့မှ မည်သို့ပင်ဆောင်ရွက်ပေး သည်ဖြစ်စေ ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားကြရန်လည်းလိုကြောင်း။
ကိုကိုးကျွန်းမြိုတွင် လယ်မြေများမရှိကြောင်း၊ သွားလာစားသောက်ရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိကြောင်း၊ သွားလာရန်ခက်ခဲသည့်အချိန်တွင် စားသောက် ရေးအတွက် အခက်အခဲမဖြစ်စေရန်လိုကြောင်း၊ ထို့ကြောင့် မြို့တွင်နေထိုင်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မြို့နေပြည်သူများအနေဖြင့် ဝိုင်းဝန်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့မြေများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများမထိခိုက်စေ ရေးကြိုတင်စဉ်းစားတွက်ချက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်ရှိသည့် ပြည်သူများ မပူမပင်ဖြင့် စားသောက်နိုင်စေရေး အမြဲဆန်ဖူလုံမှုရှိအောင် တာဝန်ရှိသူ များအနေဖြင့်ဆောင်ရွက် ကြရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသ ဝမ်းစာဖူလုံရေး အတွက် စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
လယ်ယာများ၊ ကုန်းမြင့်ယာများကို ဖော်ထုတ်သွားရန်လိုကြောင်း၊ ထိုသို့ ဖော်ထုတ်နိုင်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို စေလွှတ်ပေး သွားမည်ဖြစ်ကြောင်း၊ စားရေးနှင့်ပတ်သက်၍ ကိုကိုးကျွန်းမြို့တွင်နေထိုင်ကြသည့် ပြည်သူများ၏ အရေ အတွက်ကိုတွက်ချက်၍ ပထမအဆင့် ၂၅ ရာခိုင်နှုန်းဖူလုံစေရန်၊ ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်းဖူလုံစေရန်၊ ထိုမှတစ်ဆင့် ၁၀၀ ရာခိုင်နှုန်း ပြည့်မီသည် အထိ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်အောင် ဆောင်ရွက်သွားကြရန်လို ကြောင်း၊ မိမိတို့၏ ဒေသဝမ်းစာပြည့်မီရေးအတွက် ဒေသအကျိုးကိုကြည့်၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ရေရှည်ကို ကြည့်၍ စနစ်တကျတွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း။
စားရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများသာမက တစ်ပိုင်တစ်နိုင် ကြက်၊ ဝက်၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်ကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် ကိုကိုကျွန်းနေပြည်သူများ၏ အချက်အလက်များကို ကောက်ယူ၍ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ဆေင်ရွက်ပေးရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး မြို့ရွာတည် ဆောက်ရေးလုပ်ငန်းများ အတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကိုကိုးကျွန်းဒေသတွင် အခြေခံအားဖြင့်ရှိပြီးဖြစ်သည့် အုန်းပင်များမှ အုန်းထွက် ပစ္စည်းများကို ထုတ်လုပ်၍ရကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းဒေသမှ အုန်းထွက် ပစ္စည်းများထုတ်လုပ်နိုင်ရေး မိမိအနေဖြင့် ဆောင်ရွက်ပေးထားကြောင်း၊ ကိုကိုးကျွန်း ဒေသတွင် ယခုထက်ပိုမိုကောင်းမွန်သည့် အုန်းမျိုးများစိုက်ပျိုးနိုင်ရန်လို ကြောင်း၊ ဒေသတွင်အခြေခံအကျဆုံး ပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်း များကို ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့ဒေသမှထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်ကြောင်း၊ ထို့ကြောင့် အတန်းပညာများ မြင့်မားစေရေး ဆောင်ရွက်ပေးရန်လို ကြောင်း၊ အတန်းပညာတတ်မြောက်ပြီးသူများကို အိမ်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို သင်ကြားပေးမည်ဆိုပါက ကိုကိုးကျွန်းမြို့တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတိုးတက် လာမည်ဖြစ်ကြောင်း။
ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား များအားလုံးဝိုင်းဝန်း၍ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသတွင် ခရီး သွားလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း၊ ထို့ ကြောင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်ကြသူများက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ ကိုကိုးကျွန်းမြို့တွင်တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဒေသ၏ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ မြင့်မားစေရေး ဆောင်ရွက်ပေး သွားရန်လိုကြောင်း။
ပညာသင်ကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူ များကို အတန်းအလိုက်ပညာများတတ်ကျွမ်းမှုရှိစေရေး သင်ကြားပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကိုကိုးကျွန်းမြို့တွင် ပညာသင်ကြားမှုအနေဖြင့် ကျောင်းသားနှင့် ဆရာ၊ ဆရာမ အချိုး ကောင်းမွန်သည့်အတွက် ပညာသင်ကြားရေးကို ပိုမိုဆောင်ရွက်နိုင် ပြီး ပညာရည်ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ ဒေသတွင်းပညာတတ်များ ပိုမို ကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင် ကြောင်း။
ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့် ဘက်မှကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသခံပြည်သူများအနေဖြင့် လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်း များအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ကိုကိုးကျွန်းမြို့အထက်တန်း ကျောင်းအတွက် စာရေးကိရိယာများကိုလည်းကောင်း ပေးအပ်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ကိုကိုးကျွန်းမြို့နယ်အထက်တန်းကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြောင်းသတင်းရရှိသည်။