မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံလေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ ၁၈

Saturday, October 18, 2025 - 16:30

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အောက်တိုဘာ ၁၃ ရက်မှ စတင်၍ လေ့လာရေးခရီးသွားရောက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစား ခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များပါဝင်သော လေ့ လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိ တက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက  လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များပါဝင်သော လေ့ လာရေးအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အောက်တိုဘာ ၁၄ ရက်တွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံနှင့် Tian an men ရင်ပြင်သို့ သွားရောက် လည်ပတ်ပြီး Ling Guang ဘုရားကျောင်းသို့သွားရောက်၍ ဘုရားကျောင်း၌ ကိန်းဝပ် စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်အားဖူးမြော်ခြင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ မဟာတံတိုင်းကြီး(Grate wall)သို့ သွားရောက်လေ့လာခြင်း၊ နွေရာသီနန်း တော်သို့ သွားရောက်လေ့လာခြင်းနှင့် အိုလံပစ်ကျင်းပခဲ့သည့် အဆောက်အအုံများနှင့် မြို့ တွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခြင်းများဆောင်ရွက်ကာ  ညပိုင်းတွင်ညရှုခင်းများကြည့် ရှုခဲ့ကြသည်။

အလားတူ အောက်တိုဘာ ၁၆ ရက်တွင် ပေကျင်းမြို့ရှိ ပေကျင်းကျည်ဆန်ရထား ဘူတာရုံမှ ‌ပေကျင်း-တီယန်ကျင်း ကျည်ဆန်ရထားဖြင့်တီယန်ကျင်းမြို့သို့လည်းကောင်း၊  တီယန်ကျင်းမြို့လေဆိပ်မှ ကွမ်ကျိုးမြို့သို့ Southern China လေကြောင်းလိုင်းဖြင့် လည်းကောင်း စီးနင်းလိုက်ပါ၍ ကွမ်ကျိုးမြို့သို့ရောက်ရှိကြပြီး Good Chain လုပ်ငန်းခွဲများအား လေ့လာကြသည်။ အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းတွင် ကွမ်ကျိုးမြို့ရှိ Ji Nan တက္ကသိုလ်သို့သွားရောက်၍ Ji Nan တက္ကသိုလ်၏သမိုင်းကြောင်း၊ စာကြည့်တိုက် နှင့် ဌာနခွဲများအား လှည့်လည်လေ့လာခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိ လိုသည့်မေးမြန်းမှုများအပေါ် တက္ကသိုလ်မှတာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ ကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့အတွင်း လေ့လာလည်ပတ်ကြပြီး ညပိုင်းတွင် Guang Zhou Tower အား သွားရောက်လေ့လာ ကြည့်ရှုခြင်းများဆောင်ရွက်ခဲ့ကြသည်။မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များပါဝင်သော လေ့လာရေးအ ဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ရမှုနှင့်ပတ်သက်၍ ယခု ကဲ့သို့ ကြားသိရပါသည်-

ထူးချွန်ကျောင်းသား၊ကျောင်းသူများအင်တာဗျူး

မယွန်းဆုဝေဇင်(နှစ်ထပ်ကွမ်း လူရည်ချွန်)

သမီးကတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ လေးဘာသာဂုဏ်ထူး ရမှတ်ပေါင်း ၅၁၂ မှတ်နဲ့အောင်မြင်ခဲ့တဲ့ နှစ်ထပ်ကွမ်းလူရည်ချွန် မယွန်းဆုဝေဇင်ပဲဖြစ်ပါတယ်၊ ပထမ ဦးဆုံးတရုတ်မှာငါးရက်တာနေခဲ့ရပါတယ်၊ အဲ့ဒီငါးရက်တာအတွင်းမှာသမီးတို့အနေနဲ့ မရောက်ဘူးတဲ့ နေရာတွေ စိတ်ဝင်စားဖွယ်အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်၊ ပထမဦးဆုံး အနေနဲ့သမီးတို့ပထမရက်မှာ Tian an men ရင်ပြင်နဲ့ Tian Tan ပန်းခြံကိုသွားခဲ့ရပါတယ်၊ အဲ့ဒီမှာဆို လို့ရှိရင် သူတို့ရဲ့တရုတ်နိုင်ငံရဲ့နှစ်ရှည်ထိန်းသိမ်းထားတဲ့အပင်တွေ သဘာဝသစ်တောတွေကို မျက်မြင် တွေ့ရှိခဲ့ရတယ်၊ နောက်နေ့မှာသမီးတို့ မဟာတံတိုင်းကိုသွားခဲ့ပါတယ်၊ ပြီးရင်သမီးတို့ Ji nan တက္ကသိုလ် ကိုလည်းသွားရောက်လေ့လာခဲ့ရပါတယ်၊ အဲဒီမှာသူတို့တက္ကသိုလ်တွေရဲ့တိုးတက်ပြောင်းလဲမှုတွေ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ တိုးတက်ပုံအဆင့်ဆင့်တွေကို လေ့လာခဲ့ရပါတယ်ရှင့်၊ ဒီလိုမျိုး မရောက်ဖူးတဲ့နေရာတွေကို သွားရောက်လည်ပတ်ခွင့်ရခဲ့တာမို့လို့ ဒေသန္တရဗဟုသုတတွေလည်း ရရှိခဲ့ပါ တယ်၊ရရှိခဲ့တဲ့ဗဟုသုတတွေကို နောင်တစ်ချိန်မှာကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း ပြန်လည်ပြီး တော့မျှဝေပေးနိုင်မယ်လို့ယုံကြည်ပါတယ်ရှင့်၊ သမီးကတော့ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ် ချင်ပါတယ်၊ သမီးတို့ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုသွားရောက်ခွင့်ရအောင် စေလွှတ်ပေးခဲ့တဲ့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကို ကျောင်းသား၊ကျောင်းသူများကိုယ်စား သမီးကအထူးပင်ကျေးဇူးတင်ရှိ ပါတယ်၊နောက်သမီးတို့ကိုခရီးစဉ်တစ်လျှောက်လုံးမှာ လိုလေသေးမရှိအောင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကိုလည်း ကျောင်းသား၊ကျောင်းသူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

မောင်ဖြိုးခန့်ကိုကို (သုံးထပ်ကွမ်းလူရည်ချွန်)

ကျွန်တော့်နာမည်ကတော့ မောင်ဖြိုးခန့်ကိုကိုဖြစ်ပါတယ်၊ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲမှာ ဂုဏ်ထူးခြောက်ဘာသာနဲ့အောင်မြင်ခဲ့တာဖြစ်ပါတယ်၊ လူရည်ချွန်သုံးထပ်ကွမ်းလည်း ဖြစ်ပါတယ်။ကျွန်တော်တို့တရုတ်နိုင်ငံကိုသွားပြီးလေ့လာတဲ့အခါမှာ မဟာတံတိုင်း၊ နောက်နွေရာသီ နန်းတော်ပေါ့ သူတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို သွားရောက်လေ့လာခဲ့ပါတယ်၊ နောက် သူတို့ရဲ့လူနေမှုစနစ်တွေကိုလည်းလေ့လာလည်ပတ်ခဲ့ပြီးတော့သူတို့ရဲ့ကုန်တိုက်တွေကိုလည်းရောက်ခဲ့ပါတယ်ခင်ဗျ၊ အဲဒီနေရာတွေကိုလေ့လာခဲ့ရတဲ့အတွက် ကျွန်တော် တို့မြန်မာနိုင်ငံနဲ့မတူညီတဲ့ အချက်တွေကို သတိထားမိပြီးတော့ မတူညီတဲ့အတွေ့အကြုံခံစားမှုတွေနဲ့ မြန်မာနိုင်ငံကိုပြန်ရောက် လာတဲ့အခါမှာလည်း မတူညီတဲ့ ရှုထောင့်ကနေကြည့်ပြီးတော့ ပိုပြီးတော့တိုးတက်အောင် ကြိုးစား နိုင်မယ်လို့ထင်ပါတယ်ခင်ဗျာ၊ ကျွန်တော့်အနာဂတ်အတွက်ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဆေးကျောင်းကို လျှောက်ထားပါတယ်ခင်ဗျာ၊ အခုလိုကျွန်တော်တို့ကျောင်းသားလူငယ်တွေကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို လေ့လာရေးခရီးစဉ်စေလွှတ်ပြီးတော့ အစစအရာရာလိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။