ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool က ယနေ့ဒေသစံတော် ချိန်မွန်းလွဲတွင် Radisson Collection ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
news
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia - Myanmar Business Council တို့ ပူးပေါင်းကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အား ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ Business Hall ၌ကျင်းပပြုလုပ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး H.E. Mr. Andrei Removich နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် (Offical State Visit) အဖြစ် ဘီလာရုစ်သမ္မတနိုင်ငံသို့ သွားရောက်မည်
နေပြည်တော်၊ မတ် - ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၄ ရက်၊ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများ အား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌တွေ့ဆုံ အမှာစကားပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၄ ရက်နေ့ညပိုင်းတွင် ရုရှား-အာဆီယံ စီးပွားရေးကော်မရှင် ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့အား မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးမြို့သို့ ဆက်သွယ်ထားသည့် ရတနာပုံ မြစ်ကူးတံတားအနီးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း အများ ပြည်သူ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်း အမှားများ မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။
မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင် သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ
နေပြည်တော်၊ ၂၀၂၅ မတ်လ ၄ ရက်































