news

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေး တာဝန်ထမ်းဆောင်လျက် ရှိသည့် ဒေါ်ဌေးဌေးဝင်း သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ပါရီမြို့၊ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်လျက် ရှိသည်။

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည်။

          မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့နှင့်ကမ္မရွာအကြားတွင်  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တို့စီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာ တော်ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်း တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၁၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာ အနီးတွင် TOYOTA WISH ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် အိုက်ဆန်း(ခ)အိုက်ပေါင်း သယ်ဆောင်လာသည့် ပလတ်စတစ်ပုံးအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်း တိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကံမ္မကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ

ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

          ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကံမကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူရခြင်း အကြောင်းနဲ့ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်များနဲ့ တပည့်ဒါယကာ၊ ဒါယိကာမများကို အဖြစ်မှန်သိရှိစေရေး ရိုသေစွာလျှောက်ထား တင်ပြသွားမှာဖြစ်ပါတယ်ဘုရား။

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက် ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်အောင်မြင်ကျောင်းတိုက်(ဘုမ္မော)၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက် တပ်ဆင်အပ်နှင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်၊ အားကစား ခန်းမ၌ပြုလုပ်ရာ   တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။