နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက လာရောက်ဂါရဝပြုတွေ့ဆုံ အထူးသဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လို
နေပြည်တော်၊ အောက်တိုဘာ - ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ် အဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ကရင် အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်၊ NCA တွင် ပါဝင်လက်မှတ် ရေးထိုးသူ ဦးခွန်ဥက္ကာ နှင့် ဦးမျိုးဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့များ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင်ဦးစွာနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပေးကြသည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များအားလုံးကို နိုင်ငံတော်နှင့် တပ်မတော်မှ ဝမ်းမြောက်စွာဖြင့်ကြိုဆိုပါကြောင်း၊ NCA နှစ်ပတ်လည်အခမ်းအနားတွင် မိမိအနေဖြင့် လိုအပ်သည်များကိုပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ NCA သည် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ်မူတည်၍ ရေးဆွဲ ထားခြင်းဖြစ်ကြောင်း၊ NCA ကို အပြည့်အဝအကောင်အထည် ဖော်ရန်အတွက် ယခင်ကတည်းကဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီ ဒုတိယအစိုးရ သက်တမ်းတွင် အကြောင်းအမျိုးမျိုးကြောင့်နှောင့်နှေးခဲ့ရကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်ချိန် တွင် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်မှ နိုင်ငံတော် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်မှု မရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှောင့်နှေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မိမိတို့ အနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။
ကြားကာလများတွင် မိမိနှင့်သော်လည်းကောင်း၊ မိမိ၏ကိုယ်စားလှယ်အဖွဲ့ များနှင့် သော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေး နွေးမှုများဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မိမိအနေဖြင့်လည်း သဘောတူညီပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ခေတ်ကာလအရ ပြင်ဆင်ရန်လိုအပ်သည်များရှိသည်ကိုမိမိအနေဖြင့် သဘောပေါက် ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်း များကို ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေပြင်ဆင်နိုင်ရေးအတွက် ကြိုတင်ဆွေးနွေးသကဲ့သို့ လွှတ်တော်တွင် အတည်ပြုပြင်ဆင်နိုင်ရန်လိုကြောင်း၊ NCA ကိုအရှိန်ပြန်ရလာအောင် လာရောက်ပြီး ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံကောင်းအောင် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက်တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့များက NCA လက်မှတ်ရေးထိုးထားသည့်သူများဖြစ်သည်နှင့်အညီ NCA လမ်းကြောင်းအတိုင်း နိုင်ငံအတွင်းငြိမ်းချမ်းရေးရရှိရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ NCA လမ်းကြောင်း ပေါ်၌ နိုင်ငံတော်နှင့်တပ်မတော်၏ ဦးဆောင်မှုဖြင့် ခိုင်ခိုင်မာမာဆက်လက် လျှောက် လှမ်းသွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်သဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီ မိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အဘက်ဘက် မှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမည့် အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် ဆက်လက်ပါဝင်တက်ရောက်သွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီး ထွက်ပေါ်လာသည့်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးတို့နှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဆွေးနွေးပြောကြားရာတွင် NCA ကိုဆက်လက် အကောင်အဖည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရွေးချယ်ခံအစိုးရ၊ လွှတ်တော် ရှိရန်လို ကြောင်း၊ မူလစတင်လက်မှတ်ရေးထိုးစဉ်ကတည်းက လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့ကြ ခြင်းဖြစ်ကြောင်း၊ NCA တွင်ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများအားလုံးပါဝင်ရန်လို ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်း လွတ်လပ် ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးနှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေ ရေးသည်အရေးကြီး ကြောင်း၊ ထို့ကြောင့် မဲစာရင်းများမှားယွင်းမှုမရှိစေရေး၊ ဆန္ဒမဲပေး ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မဲမသမာမှုများ ဆောင်ရွက်၍မရနိုင် သည့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) များဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး NCA ကို ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အခိုင်မာဆုံး ဖြစ်ကြောင်း၊ အခြခံဥပဒေအားပြင်ဆင်၍ ရသည်များကိုပြင်ဆင်ပေးသွားမည်ဖြစ် ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်ဆိုသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ဖက်ဒရယ်စနစ်တွင်လည်း အလားတူပင် ဖြစ်ကြောင်း၊ ကွဲပြားခြားနားမှုများရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ် အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်ကာလတွင် ပြည်သူများအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက် လှမ်းနိုင်ရေး တောင်းဆိုခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း တိုင်းရင်းသားများ၏အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ဒီမိုကရေစီ နှင့်ဖက်ရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကိုဆောင် ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊မိမိ၏ NCA နှစ်ပတ်လည်နေ့မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည့်အတိုင်း အားလုံးက ဖြစ်ချင်တာထက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာကို ပိုမိုဦးစားပေးပြီး ဆောင်ရွက် သင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းပြည်ခွဲထွက်ရေး ကို တပ်မတော် အနေဖြင့်လုံးဝလက်မခံကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော် အနေဖြင့် အလေးထား စောင့်ထိန်းလိုက်နာသွားမည်ဖြစ်ကြောင်း၊ လူအနည်းစု၏ သဘောထားကိုအလေးထားရမည်ဖြစ်သော်လည်းလူအများစု၏ဆန္ဒကိုလည်း အားလုံး က လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည် ဖြစ်နိုင်သည် များကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အကျိုးကိုဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။
မိမိတို့ နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှစတင်၍ ယနေ့အချိန်အထိ လွတ်လပ်ရေး၏ အသီးအပွင့်ကိုမခံစားရသေးကြောင်း၊ မိမိတို့နိုင်ငံနှင့် အကျယ်အဝန်း အရ၊ လူဦးရေအရ၊ စီးပွားရေးအခြေခံအရ တူညီသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ နောက်ကျကျန်နေကြောင်း၊ ထို့ကြောင့် အားလုံးက တိုင်းပြည်ကောင်းအောင် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ် အဖွဲ့ များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြောင်းသတင်းရရှိသည်။