မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင် ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်း အနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများမှသံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့အား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန် ခံနှင့် တာဝန်ရှိသူများ၊ ဟိန္ဒိူမျိုးနွယ်စုဝင်မျးကဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူ ရိုးရာကဘူးများမှုတ်ခြင်း၊ မိုးပျံပူဖောင်းများလွှတ်တင်ခြင်းများကို ဆောင်ရွက်ကြသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး တို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကြပြီး ဟိန္ဒူရိုးရာ တစ်ခုဖြစ်သည့် မွန်မြတ်ပြီးမင်္ဂလာရှိသော ဟိန္ဒူရိုးရ Pur Kumbham (ပုရ်ဏကုမ္ဘမ်) ဖြင့်ဆုတောင် ကြိုဆိုဂါရဝပြုကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဒီပါဝလီအထိမ်း အမှတ်အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ပြခန်းများ၊ စီးပွားရေးလုပ်ငန်းပြခန်းများနှင့် မျိုးနွယ်စုများ၏ ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့်ဇနီး၊ တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးပြီး နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံး သံရုံးယာယီတာဝန်ခံတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း အတွင်းရေးမှူးနှင့်ဇနီးတို့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့်ဇနီးတို့အား မင်္ဂလာ ဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ က ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားသို့ တက် ရောက်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်သည် ဟိန္ဒူ ဘာသာဝင်များ အထွတ်အမြတ်ထားသည့် ရိုးရာမီးထွန်းပွဲတော်ဖြစ်ကြောင်း၊ “ဒီပ” ဆိုသည့်မီးအလင်းရောင်နှင့် “အာဝလိ”ဆိုသည့် စီတန်းခြင်းဆိုသည့် အဓိပ္ပာယ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည့်အတွက် ဒီပါဝလီဆို သည်မှာ ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ဟု သိရှိရကြောင်း၊ ဒီပါဝလီပွဲတော်စတင် ဖြစ်ပေါ်ခဲ့သည့် နောက်ခံသမိုင်းကြောင်းအနေဖြင့် ရာမမင်းမြတ်သည် ရာဝဏဟုခေါ် သည့် ဒဿဂီရိမင်းကိုနှိမ်နင်းပြီး စစ်ပွဲမှန်သမျှ ဘယ်သောအခါမှအရှုံးမရှိသည့် အယုဒ္ဓယ နေပြည်တော်ကို ပြန်လည် ဝင်ရောက်လာသည့်အချိန်သည် သီတင်းကျွတ် လကွယ် မှောင်မိုက်နေသည့် ညအချိန်အခါဖြစ်သဖြင့် ဆီမီးများထွန်းညှိပြီး ရာမ မင်းမြတ်ကို ဆီမီးအလင်းရောင်ဖြင့် ကြိုဆိုပူဇော်ကြရာမှ ဒီပါဝလီပွဲတော် စတင်ခဲ့ခြင်း ဖြစ် သည်ဟု လေ့သလာသိရှိရကြောင်း။
ဆီမီးပူဇော်ခြင်းအားဖြင့် အမှောင်များပျောက်ကွယ်ပြီး အလင်းများရောက်လာ သကဲ့သို့ မကောင်းသည်များကွယ်ပျောက်ပြီး ကောင်းခြင်းတရားများရောက်ရှိလာစေ ရန်၊ မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်ပြည့်ဝလာစေရန်ဆိုသည့် ယုံကြည်ချက် များဖြင့် အခုကဲ့သို့ ဆီမီးပူဇော်ကြခြင်းဖြစ်ကြောင်း၊ ဟိန္ဒူ ဘာသာဝင်များအတွက် ဒီပါဝလီနေ့သည် အခါထူးရက်မြတ်ဖြစ်ခြင်းကြောင့် လုပ်ငန်းအသစ်စတင်ခြင်း၊ စာရင်း ဟောင်းချုပ်ပြီး စာရင်းအသစ် စတင်ခြင်းများပြုလုပ်ပါက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်သည်ဆိုသည့် ယုံကြည်မှုများနှင့် ဆောင်ရွက်ကြသည်ကိုလည်း သိရှိရ ကြောင်း၊ ယခုကျင်းပသည့် ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင် ယခုအချိန် ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည် ဆိုသည်ကို ယုံကြည်ကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသည့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုမျိုးစုံ စုပေါင်းတည်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ၏ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှု နှင့်ပတ်သက်ပြီး တူညီသည့်အခွင့်အရေးများနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကိုလည်း အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်သွားကြရန် လွန်စွာအရေးကြီးကြောင်း။
မတူကွဲပြားည့် သဘာသာဝင်များအကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး သင့်မြတ်စွာ စုစည်းနေထိုင်ရန် လိုအပ်ကြောင်း၊ “စုပေါင်းညီညာ အောင်ကြောင်းဖြာ” ဆိုသည့်စကားအတိုင်း ဘာသာ ပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် အခြေခံမူများဖြစ်သည့်ဘာသာ ပေါင်းစုံက ဘာသာဝင်များအချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွ အေးချမ်း စွာ နေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူ များကို ကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် စသော ကောင်းမွန်သည့် အခြေခံမူများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့သည် အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြ သူများဖြစ်သည့် အတွက် တစ်ဦး၏ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲ နေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စု စိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုကြောင်း၊ အဆိုပါစိတ်ဓာတ်ကို အခြေခံပြီး အပြန် အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏ အကျိုးကို ဝိုင်းဝန်း သယ်ပိုး ကြဖို့လိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသား မိဘပြည်သူများ၏ အကျိုးအတွက် နိုင်ငံတော်ကို ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် လာမည့်ဒီဇင်ဘာလ ၂၈ ရက် နေ့မှစပြီး လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို စတင်ကျင်းပပေးတော့မည်ဖြစ်ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲ ရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ် နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စေ ရေး ယခုကဲ့သို့ အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံ့အကျိုးမျှော်ကိုးပြီး ဆောင်ရွက် သွား ကြရန်လိုကြောင်း။
ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်တို့၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီးထွန်းညှိ ပူဇော်ပွဲကို ဦးစီးကျင်းပပေးခဲ့သည့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံး၊ မြန်မာ-အိန္ဒိယ ကုန်သည်ကြီးများနှင့် ဟိန္ဒူမျိုးနွယ်စုအသင်းအဖွဲ့ များ အားလုံးကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ယခု ဒီပါဝလီပွဲတော် မှစပြီး မိမိတို့ နိုင်ငံသားအားလုံး တစ်ဦးအပေါ်တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည် ခွင့်လွှတ်မှုများမျှဝေပေးပြီး အတိတ်ကမကောင်းသည့် အဟောင်းများကိုချန်ခဲ့ကာ အနာဂတ်နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုဆုမွန်တောင်းစကား ပြောကြား လိုက်ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံက အမှတ်တရစကား နှင့် ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ က ကျေးဇူးတင်စကား အသီးသီးပြောကြား ကြသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား မြန်မာ- အိန္ဒိယ ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကအဖွဲ့နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူရိုးရာ ယဉ်ကျေးမှု အကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာအက များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့်ဇနီး တို့သည် ယဉ်ကျေးမှုအဖွဲ့များ အား အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များအားရင်းရင်းနှီးနှီး နှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။