နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်း တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကိုကိုးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကိုကိုးကျွန်းမြို့ နှင့်သွားလာ ဆက်သွယ်မှုအဆင်ပြေစေရေးအတွက် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် သင်္ဘောကြီးများ ဆိုက်ကပ်ရပ်နားနိုင်သည့် ဆိပ်ခံတံတားကို တည်ဆောက်ပေးခဲ့ပြီး ယခင်ကထက် များစွာ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ကိုကိုးကျွန်းသည် မိမိတို့နိုင်ငံအတွက် ပထဝီအနေ အထားအရ အရေးပါသည့်နေရာတွင် တည်ရှိသောကြောင့် ကိုကိုးကျွန်း တပ်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များသာမက မိသားစုဝင်များ အနေဖြင့်လည်း အမြဲ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်လိုကြောင်း။
တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်သည့် အဖွဲ့အစည်းဖြစ်ပြီး အဆင့်အလိုက်တာဝန်ထမ်း ဆောင်နေကြသူများအားလုံးက ကာကွယ်ရေးအမြင်များရှိရန်လိုကြောင်း၊ တပ်မတော်သားများ ဖြစ်သည်နှင့်အညီ အမြဲ တိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကြိုတင်လေ့ကျင့်ပြင်ဆင်ခြင်းများကို ဆောင်ရွက်နေ ရန်လိုပြီး ကျန်းမာကြံ့ခိုင်နေရန်၊ ရဲစွမ်းသတ္တိရှိရန်နှင့် ကျွမ်းကျင်မှုများရှိရန် ဆောင်ရွက် ပြီး အမြဲ Combat Ready ဖြစ်စေရေး ဆောင်ရွက်နေရန်လိုကြောင်း။
ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် တပ်မတော်သားတစ်ဦး နေ့စဉ်ဆောင်ရွက်ရ မည့် ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းများအကို အမြဲဆောင်ရွက်နေရန်လိုကြောင်း၊ ရဲစွမ်းသတ္တိရှိရန်အတွက် မြန်မာ့ရိုးရာသိုင်း၊ လက်ဝှေ့နှင့် အခြားကိုယ်ခံပညာရပ်များကို အမြဲ လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ရဲစွမ်းသတ္တိရှိခြင်း ဆိုသည်မှာ အများ အကျိုးအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို သတ္တိရှိစွာဖြင့် ပြတ်ပြတ် သားသားတာဝန်ထမ်းဆောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရဲစွမ်းသတ္တိရှိစေရး မိမိ ကိုယ်ကိုလေ့ကျင့်နေရန်လိုကြောင်း၊ ကျွမ်းကျင်မှုနှင့်ပတ်သက်၍ မိမိတို့ကိုင်တွယ် အသုံးပြုရသည့် လက်နက်ခဲယမ်းများ ကိုကျွမ်းကျင်ပိုင်နိုင်စွာဖြင့်အသုံးပြုနိုင်ရေးနှင့် အမြဲအသင့်ဖြစ်နေစေရေး စဉ်ဆက် မပြတ် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း။
အလားတူ နေ့စဉ်ဆောင်ရွက်နေရသည့် ဦး၊ ရေး၊ ထောက် ဆိုင်ရာ ရုံးလုပ်ငန်း တာဝန်များကိုလည်း အမြဲစနစ်တကျဆောင်ရွက်နေမည်ဆိုပါက စည်းကမ်းကောင်းမွန် သည့် တပ်များဖြစ်လာမည်ဖြစ်ကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်း များကိုမပျက်မကွက် လုပ်ဆောင်နေမည်ဆိုပါက အရည်အချင်းရှိသည့် တပ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် Check ၊ Recheck ၊ Counter Check ဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ကြပ်မတ်ကွပ်ကဲရသူများအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်ရန် လိုသကဲ့သို့ လိုက်ပါဆောင်ရွက်ရသူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြင့် လိုက်နာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်များ၏ ရသင့် ရထိုက် သည့် အခွင့်အရေးများ မဆုံးရှုံးစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးနေရန်လိုကြောင်း။
မိမိတို့၏ ကျန်းမာရေးနှင့် လူမှုဘဝကိုထိခိုက်စေနိုင်သည့် အရက်သေစာသောက် စားခြင်းများနှင့် အပျော်အပါးလိုက်စားခြင်းများကို တတ်နိုင်သမျှရှောင်ကျဉ်ရန် လိုကြောင်း၊ အသုံးအစွဲချွေတာသုံးခြင်းဖြင့် မိမိတို့၏ဝင်ငွေနှင့်ထွက်ငွေများ မျှတအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကို များစွာအထောက်အကူပြုစေနိုင်သဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ အားကစားပြိုင်ပွဲများ၊ ကြံ့ခိုင်ရေးပြိုင်ပွဲ များ၊ သဲသောင်ပြင်အပြေးပြိုင်ပွဲများကျင်းပခြင်း၊ ရုပ်ရှင်များပြသခြင်း၊ ရာသီအလိုက် ပွဲတော်များကျင်းပပေးခြင်းများကို ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည် မိသားစုများ၏ စိတ်ဓာတ်ကိုမြှင့်တင်ပေးရန်လိုကြောင်း။
နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် နိုင်ငံတော်၏ အခြေအနေအရ ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံတော်၏ တာဝန်ကိုယူခဲ့ရကြောင်း၊ ရွေးကောက်ပွဲကိုလည်း မကြာ မီအချိန်အတွင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင်လည်း မိမိတို့ ဒေသနှင့် နိုင်ငံ၏အကျိုးကိုအမှန်တကယ်လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ တို့တာဝန် အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုက်နာသည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအမြင်ရှိသူကို ရွေးချယ်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်ရန်အတွက် မဖြစ်မနေလိုအပ် ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း။
မိမိတို့နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝစေရေး နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးခြေအနေအရ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင်ပါဝင်နေရခြင်း ဖြစ်ကြောင်း၊ မိမိတို့အားလပ်သည့် အချိန် များတွင် စာပေဖတ်ရှုလေ့လာခြင်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ စာဖတ်ခြင်း ဖြင့် မိမိတို့ဘဝတိုးတက်စေရေး အထောက်အကူပြုစေဖြစ်ကြောင်း၊ စာပေများဖတ်ရှု လေ့လာပြီး အသိပညာအတတ်ပညာများ တတ်ကျွမ်းအောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ သားသမီးများအား ပညာတတ်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလို ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုများ အတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးရန်ပုံငွေ များကိုလည်းကောင်းပေးအပ်ရာ ရေတပ်ဌာနချုပ်မှူးနှင့် ဇနီးတို့က လက်ခံရယူကြသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တပ်နယ်ရှိ နွားမွေးမြူရေးခြံအတွင်း ဒေသ နွားများ မွေးမြူထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျွန်းပတ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုကြပြီး ဗျိုင်းကျွန်းနှင့်ဂျယ်ရီကျွန်းဆက်လမ်း ဆောင်ရွက်ထားမှုအခြေအနေများ အားကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် ကိုကိုးကျွန်းပေါ်ရှိ မြေလွတ်နေရာများ၌ မျိုးကောင်းသည့် အုန်းပင် များအား စနစ်တကျဖြင့် အကွက်ချစိုက်ပျိုးရန်၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် ပင်လယ်ရေမှ စိုက်ပျိုးရေထုတ်ယူသုံးစွဲနိုင်ရေး သုတေသနပြုဆောင်ရွက် ရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်မျာသည် နယ်မြေခံရေတပ်စခန်းဌာန ချုပ် ကိုကိုးစိုက်ပျိုးရေးခြံသို့ ရောက်ရှိကြပြီး ကိုကိုးပင်များ ရှင်သန်အောင်မြင်ဖြစ်ထွန်း နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကိုကိုးပင်များ အားယခုထက်ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန်၊ ထိုမှတစ်ဆင့် မြေနိမ့် ကော်ဖီကို စမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။







